Myinmu News

0 0
Read Time:1 Minute, 38 Second

မြင်းမူမြို့အနီး ရေဦးဆီဆိုင်တွင် လုံခြုံရေးယူ ထမင်းစားနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၁၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အနီး ရေဦးဆီဆိုင်တွင် လုံခြုံရေးယူ ထမင်းစားနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Drop For Justice တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က မြင်းမူမြို့နယ်ကို ဖြတ်သန်းသွားလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို လုံခြုံရေး ယူနေစဉ် ရေဦးဆီဆိုင်၌ ယာယီစခန်းချထမင်း စားနေသည့်အကြမ်းဖက်စစ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings Drone ၅ စီးဖြင့် Drop Bomb ၁၀ လုံး ကျဲချခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team-6 ) Drop For Justice -DFJ ၊ Peacock Drone Team-Myaung ၊ Standard Revolution Force SRF-MMU ၊ M.D.F ကျား ခင်စိန် ၊ စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်း ၊ National Security Force. NSF.SGG နှင့် မြင်းမူမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *