MNDAA News

0 0
Read Time:4 Minute, 47 Second

လားရှိုးတွင် တိုက်ပွဲဝင်နေသည့် MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် ၁၈ ချက် ထုတ်ပြန်၊ လားရှိုးမြို့တွင်းမှ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြု ဝန်ထမ်းများအားလုံး လက်ရှိရာထူးနှင့်လစာအတိုင်း တာဝန်ဆက်ဆက်ထမ်းဆောင်နိုင်

 

D Day News

ဇူလိုင်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုက်ပွဲဝင်နေသော MNDAA တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် အချက် ၁၈ ကို MNDAA က ထုတ်ပြန်အသိပေးထားသည်။

 

လားရှို့မြို့အနီးပတ်ဝန်းကျင်နှင့် လာရှိုးမြို့တွင်သို့ ဝင်ရောက်လျက်ရှိကြောင်း MNDAA တပ်ဖွဲ့ဝင်များ အနေဖြင့်-

 

၁။ အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရ။

၂။ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရ။

၃။ စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရ။

၄။ စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံခြင်းမပြုရ။

၅။ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။

၆။ ခွင့်ပြုမိန့်မရှိဘဲ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းမပြုရ၊ သိမ်းဆည်းရပစ္စည်းများအားလုံး ကို ပြည်သူပိုင် ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ အပ်နိုင်ရမည်။

၇။ လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ် အဖြစ် စုဆောင်းခြင်းမပြုရ။

၈။ လူမျိုးဘာသာခွဲခြားခြင်းမပြုရ။

၉။ အထက်ဖော်ပြပါ စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မပြု ပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖော်ဆောင်ရန်နှင့်ဘေး ဒုက္ခကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းလိုက်ပြီး လိုက်နာရမည့် အချက်များအနေဖြင့်-

 

၁။ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အအုံများကို ကာကွယ်စောင့်ရှောက် ပေးရမည်။

၂။ သမိုင်းဝင်အမွှေအနှစ်နှင့်စာရွက်စာတမ်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရမည်။

၃။ စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေး ရန်နှင့် ကူညီပေးရမည်။

၄။ ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲနေရာချထားပေးရမည်။

၅။ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို အထူး စောင့်ရှောက်ပေးရမည်။

၆။ ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများကို လူသားချင်းစာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်။

၇။ လက်ရှိဒေသခံရပ်ကွက်နှင့် သူကြီးများအားလုံးမှ တစ်ဆင့် ပြည်သူအားလုံးထံသို့ လေကြောင်း တိုက် ခိုက်ခြင်းမှ ကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန် အတွက် ပညာဗဟုသုတ ပေးခြင်းနှင့် ရပ်ကွက်လုံခြုံရေး၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ ကာကွယ်ပေးခြင်းများကို အကောင် အထည်ဖော်ပေးရမည်။

၈။ လားရှိုးမြို့တွင်းရှိ လက်ရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန် ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း ဆက်လက် ထမ်းဆောင်ထားနိုင်ပါ သည်။

၉- MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့်လိုက်နာမှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး အောက်ပါ ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း သိပေးထားသည်။

 

တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ-

 

၁။ လီဦးစီးဌာနမှူး – ၀၉၆၇၈၂၄၃၆၂၆

၂။ ရန်ဦးစီးဌာနမှူး – ၀၉၆၇၈၁၇၂၁၃၆

၃။ ဟဲအရာရှိ – ၀၉၈၈၂၉၅၄၅၆၅ တို့ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *