Mandalay News

0 0
Read Time:2 Minute, 33 Second

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်မှ သိမ်းဆည်းရရှိသော လေယာဉ် ပစ် စက်သေနတ်ကြီးများကို ပြုပြင်လေ့ကျင့်ထားပြီးကြောင်း အသိပေး

 

D Day News

ဇူလိုင်လ ၁၁

 

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ သိမ်းဆည်းရရှိသည့် လေ ယာဉ်ပစ်စက်သေနတ်များကို လည်း ပြုပြင်လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန် အသိပေးထားသည်။

 

မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိသော လေယာဉ်ပစ် စက်သေနတ်အကြီးများနှင့် ပက် သက်၍လည်း လေ့ကျင့်ပြင်ဆင်ပြီးကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် TNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များသည် နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော အမတ (၆၀၆) တပ်စခန်းကို  အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ နောင်ချိုမြို့နယ်တစ်ခုလုံးကို တော်လှန် ရေးတပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်ချိုမြို့နယ်သည် စစ်ကောင်စီ လုံးဝကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ကြောင်းဆက်လက်ထုတ်ပြန်သည်။

 

နောင်ချိုမြို့နယ်ရှိ ခမရ (၁၁၄) ၊ ခမရ (၁၁၅) နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံး လက်နက် များအပါအဝင် လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့သည် ဟုဆိုသည်။

 

စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများအနေဖြင့် အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် တိုက်တွန်း လိုပြီး လက်နက်မချသော တပ်စခန်းများကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပြင်းပြင်းထန်ထန် ဆက် လက် ထိုးစစ်ဆင် ချေမှုန်းသွားဖြစ်ဖြစ်ကြောင်း အသိပေးထားသည်။

 

လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွား မည်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ကတိပြုထားသည်။

Photo – နောင်ချိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၁၁၄ ၊ ၁၁၅ ၊ အမှတ် ၆၀၆ ဒုံးတပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်များ

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *