Kanma News

0 0
Read Time:2 Minute, 58 Second

ကံမမြို့နယ်၊ ကျီးမီးကျေးရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မိုးကျော် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၁၁

 

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျီးမီးကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး မိုးကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ် ရင်း သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၀ ရက် ည ၁၀ နာရီခန့်က ကံမမြို့နယ်၊ ကျီးမီးကျေးရွာနေ အကြမ်းဖက်စစ် ကောင်စီခန့်က လက်နက်တပ်ဆင်ပေးထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အဖြစ်ခန့်အပ်ထားသည့် မိုးကျော်အား ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ရာ လက်လုပ် သေနတ်ဖြင့် ပြန်လည် ခုခံပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

“သူကကြာပြီ၊ အာဏာသိမ်းကာလကတည်းလုပ်နေတာ၊ အိမ်ထဲဝင်သွားတဲ့အချိန်မှာ သူက အရင် ပြန်ပစ်တာတော့၊ ကျနော်တို့ဘက်ကတော့အထိအခိုက်မရှိပါဘူး။ အလောင်းကိုတော့ ကံမမြို့စစ် တပ်က နာရေးကူညီမှုကားနဲ့လာသယ်သွားတယ်၊ ကံမကိုပဲ သယ်သွားတာ၊ သူက ရွာထဲမှာ အဓမ္မ စစ်သား စုဆောင်းနေတာတွေလည်းရှိတယ်၊ စစ်မှုထမ်းဖို့အတွက် တစ်အိမ်ထောင်ကို ၃ သောင်း ကောက်ဖို့လည်းလုပ်နေတာ၊ ကျေးရွာကလည်း အိမ်ခြေ ၃၀၀ လောက် ရှိတယ်၊ ပြီးတော့ လောင်း ကစားဝိုင်းတွေလုပ်တယ်၊ ပြီးတော့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး အနီးပတ်ဝန်း ကျင်က ပြည်သူတွေ စိုက်ထားတဲ့ ကျွန်းစိုက်ခင်းတွေရှိတယ်၊ အဲဒီကျွန်းစိုက်ခင်းတွေကို စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ သိမ်းယူတာတွေရှိတယ်။” ဟု သရက်ခရိုင် အမှတ် ၄ တပ် ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြား သည်။

 

ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးနောက် အုပ်ချုပ်ရေးမှူးပျူခေါင်းဆောင် မိုးကျော်ထံမှ အကြမ်းဖက် စစ် ကောင်စီက တပ်ဆင် ပေးအပ်ထားသည့် လက်လုပ်ရှော့ဂန်းသေနတ် ၁ လက်၊ ကျည် ၁ တောင့်၊ ဓား ၁ ချောင်း နှင့် ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ စစ်ဒေ မကွေး တိုင်း၊ သရက်ခရိုင် အမှတ်-၄ တပ်ရင်း နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်း စစ် ကြောင်းမှ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *