Dawei News

0 0
Read Time:1 Minute, 45 Second

ထားဝယ်မြို့နယ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၁၁

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာ အကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော VIGO ကား ၂ စီးကို တော် လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက် ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေး အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြရန် သတိပေးထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *