AA News

0 0
Read Time:3 Minute, 39 Second

သံတွဲမြို့ ခလရ ၅၅ တပ်ရင်းနှင့် မောင်တော နခခ ၅ စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိ၊ နခခ ၅ မှ စစ်သား ၃၀ ခန့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်သို့ ထွက်ပြေး

 

D Day News

ဇူလိုင်လ ၁၁

 

ရခိုင်ပြည်နယ်တွင်သံတွဲမြို့နယ် ခလရ ၅၅ တပ်ရင်း နှင့် မောင်တောမြို့နယ်အတွင်းရှိ နခခ ၅ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ သံတွဲ အခြေစိုက် တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ ၅၅ တပ်ရင်းကို အာရက္ခ တပ် တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အမြောက် အများ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ် သားများ၊ စစ်ကူလာပေးသော စစ်သားများ နှင့် သံတွဲမြို့ထဲမှ လက်ကျန် စစ်သားများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကို ဆင်နွှဲရန် ပြင်ဆင်နေကြောင်း၊ ထို့ကြောင့် သံတွဲမြို့ တစ်ခုလုံး အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရဦးမည်ဖြစ်ကြောင်း သိရသည်။

 

မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့ သူကြီးစခန်းကို ရခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်မှ လည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများ သ ဖွယ်ပြင်ဆင်ကာ ခုခံစစ်ဆင်နွှဲရန် အသင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

တစ်ပြိုင်နက်တည်းတွင် ရခိုင့်တပ်တော်မှာလည်း မောင်တောမြို့ကို ဝိုင်းရံပိတ်ဆိုထားပြီး တစ်မြို့ လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

မောင်တော၊ နခခ ၅ ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ် ခြားစောင့်တပ်စခန်းကို ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီ ၄ မိနစ်တွင် အကြမ်းဖက် စစ်သား အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားတို့ကို သိမ်းဆည်းရရှိ ခဲ့သည့်အပြင် သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ မကျည်းချောင်း စခန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ ၂၆၃ တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ခန့်မှန်းအင်အား ၃၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *