Yeasgyo News

0 0
Read Time:3 Minute, 7 Second

ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြန်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး နိုင်ပြီး ၆၀ မမ ကျည်ဖူးတစ်ဖူး၊ ကျည်အတောင့် ၂၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၁၀

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲပုံအနောက်ကျေးရွာနှင့် ရွာထောင်ကျေးရွာကြားတွင် ရိက္ခာပို့ပြန် လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးနိုင်ပြီး ၆၀ မမ ကျည်ဖူးတစ်ဖူး၊ ကျည်အတောင့် ၂၀၀ ကျော်အပါအဝင် ဆက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၉ ရက်နံနက်ပိုင်းက မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းသို့ ရိက္ခာပို့ကြီး အင်အား ၄၀ ခန့်ဖြင့် ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်းသို့ ပြန်လာသော အကြမ်းဖက်စစ် ကြောင်းကို ညနေ ၃ နာရီ မိနစ် ၃၀ အချိန် ရေစကြိုမြို့နယ်၊ သံပုံအနောက်ရွာနှင့် ရွာထောင်ကျေးရွာ ကြား အရောက် ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခြင်း၊ ၆၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ငယ် များ ဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးလဲကျသွားပြီး သေဆုံး နိုင်ကြောာင်း သိရသည်။

“ရေစကြို ခလရ ၂၅၈ တပ်က၊ လင်းကတောကို ရိက္ခာသွားပို့ပြန်လာတာ။ အင်အားက ခန့်မှန်းခြေ တော့ ၄၀ ဝန်းကျင်လောက်ရှိမယ်။ မနေ့က မနက်ပိုင်းကတည်းက ထွက်လာတာ၊ ကျနော်တို့လည်း တနေကုန်လိုက်ရှာနေတာ။ ညနေ ၃ ခွဲလောက်မှ တွေ့တာ၊ လဲကျသွားတဲ့ ၂ ဦးကတော့ သေတော့ သေနိုင်တယ်၊ အတိအကျမသိရတာ။ တခါတည်း ရေစကြိုဘက်ကို တောက်လျှောက်ပြန်ဆုတ်ပြေး သွားတာဆိုတော့၊ ကျနော်တို့နဲ့ နာရီဝက်လောက်ဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ပြန်မယ့်လမ်းအတိုင်း တောက်လျှောက်ဆုတ်သွားတာ၊ အခုတော့ ခလရ ၂၅၈ ထဲပြန်ရောက်သွားပြီ။ ဒီမနက်စောပိုင်း ၅ နာရီ ခွဲလောက်က ပြန်ဝင်သွားတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားသည့်‌ နေရာအား နယ်မြေရှင်းလင်းစဉ် ၆ ၀မမ အဖူး ၁ ဖူး ၊ ၅.၅၆ မမ ကျည် ၂၀၆ တောင့်၊ MA ကျည်အိမ် ၂ ခု ၊ ဖုန်း ၂ လုံး၊ ပိုက်ဆံ ၁၂၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရရှိခဲ့ကြောင်း သိရသာည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *