Ye Township News

0 0
Read Time:1 Minute, 35 Second

ရေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၀

 

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီ ၃၆ မိနစ်အချိန်က ရေးမြို့နယ်၊ မော့ကနင်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၆ နှင့် ဝယ်ဖယ်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၇ ပူးပေါင်း ရန်သူစစ်ကြောင်းသည် အမတ ၃၁၇ တွင် လူစုကာ အင်အား ၁၀၀ ကျော်ပါ ကား ၃ စီးဖြင့် ရွာသစ်ရွာမှ တဆင့် ကွမ်းကြိုက်ရွာနှင့် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးကို စစ်ကြောင်း ထိုး၍ ဝင်ရောက်လာစဉ်ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြင့် ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ တပ်ရင်း ၂၇ ၊ KNLA+PDF (တောင်ညိုစစ်ကြောင်း) တပ်ခွဲ ၃ နှင့် MNSP(AD) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *