Yangon News

0 0
Read Time:2 Minute, 33 Second

ဗဟန်းမြို့နယ်၊ လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ စစ်ကောင်စီ၏ လုံခြုံရေး ကင်းတဲကို ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၁၀

 

ရန်ကုန်မြို့ ဗဟန်းမြို့ နယ်လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ အကြမ်းဖက်စစ်တပ်နှင့် ရဲများ ကင်း စောင့်နေသည့် ယာယီလုံခြုံရေးကင်းတဲကို ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း God’s Hand Forces (GHF) တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်အချိန်တွင် ဗဟန်းမြို့နယ်၊ လင့်လမ်းနှင့် ဓမ္မစေတီ လမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်တပ်နှင့် ရဲများ စောင့်နေသည့် ယာယီကင်းတဲကို M 043 စစ် ဆင်ရေး၏ တစိပ်တဒေသအဖြစ် တတိယ အကြိမ်မြောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ် လက်ကိုင်တုတ် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ရန်ကုန်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ် ကင်းထဲတစ်ခု (ပုံဟောင်း)

God’s Hand Forces -HGF အနေဖြင့် မြို့ပြတွင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လုံးဝအုပ်ချုပ် ခွင့်မရစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များကို ရိုက်ချိုးနေခြင်းဖြစ် ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ထိသွားတာက ရဲ ၂ ယောက်ဗျ။ ပြန်ပစ်တာ မရှိဘူး။ အခင်းဖြစ်ပြီး သိပ်မကြာဘူး မီးတန်းကားပေါ့ ရောက်လာတယ်။ ဆေးရုံကားလည်းပါတယ်။ဆေးရုံကားနဲတော့ ရဲ ၂ ယောက် တင်သွားတယ်လို့ ယူဆရတယ်။ ကျနော်တို့ စောင့်ကြည့်နေတာ ကြာပြီဗျ။ ညနေဘက်ဆိုရင်တော့ စစ်သားတွေ၊ ယာဉ်ထိန်းရဲတွေပါ ပါတယ်။ ယာယီတဲလေးတွေနဲ့ Tent ထိုးကြတာ” ဟု God’s Hand Forces (GHF) ၏ တာဝန်ရှိသူက ပြောကြားသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သောဒေါက်တိုင်များ ၊ လုပ်ငန်းဌာန များ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများလှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *