Wetlet News

0 0
Read Time:3 Minute, 1 Second

ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဗကသ ရဲဘော် ၁၀ တန်းကျောင်းသာ ရဲဘော် မြင့်မြတ်ဦး လည်လှီးသတ်ဖြတ်ခံရ၊ NUG အစိုးရတာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းပေးရန် တောင်းဆို

 

D Day News

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဗကသ ရဲဘော် ၁၀ တန်း‌ ကျောင်းသား ရဲဘော် မြင့်မြတ်ဦး လည်လှီးသတ်ဖြတ်ခံလိုက်ရကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုထံ မှ သိရသည်။

 

ဇူလိုင်လ ၈ ရက် ည ၉ နာရီခန့်က ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော အသက် ၁၆ နှစ်အရွယ် ဝက်လက်မြို့နယ်၊ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် G-11 ကျောင်းသား ရဲဘော်မြင့် မြတ်ဦးသည် ရွာပြင် သုဿန်၌ အင်တာနက်အသုံးပြုပြီး နေအိမ်သို့ အပြန်လမ်းတွင် လည်လှီးသတ် ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုရဲဘော်သည် ရွာထဲတွင်မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိသူဖြစ်ကြောင်း သိရသည်။

 

ယင်းကိစ္စနှင့် ပတ်သက်၍ အမြန်ဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ကာ ပြည်ထဲရေးနှင့် လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်ဆိုသူကို Signal မှ တဆင့် ဆက်သွယ်ခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ မြေပြင်တွင် တာဝန်အကြီးဆုံးသူနှင့် ဆက်သွယ်ပေးပါရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ တောင်းဆိုသော အဆက်သွယ် မရရှိသေးကြောင်း၊ ထို့အပြင် ကာကွယ်ရေးဝန်ကြီး ဌာန၏ အတွင်းဝန်ဆိုသူကိုလည်း Signal မှ ဆက်သွယ်ထားကြောင်း ဗကသ ဗဟိုက ထုတ်ပြန်ထား သည်။

 

သမဂ္ဂကျောင်းသားရဲဘော်များ မြေပြင်တွင် ဖိနှိပ်ခံရခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများထံ တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း စာပေးပို့ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သော်လည်း ဝန်ကြီးဌာနများ ဘက်မှ မည်သို့မျှပင် တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ ယခုအခါတွင်မူ ဗကသရဲဘော်အသက်တစ်ချောင်းကို ပေးဆပ်လိုက်ရပြီဖြစ်ကြောင်း၊ ဝန်ကြီးဌာန တာဝန်ရှိသူများ၏ လျစ်လျူရှုမှုကြောင့် ရဲဘော်၏ အ သက်ဆုံးရှုံးရခြင်းဟုပင် သတ်မှတ်နိုင်ကြောင်း ဗကသ ဗဟိုက ပြောဆိုထားသည်။

 

သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေဖြင့် ဗကသ ဗဟိုနှင့် အမြန်ဆုံးတွေ့ဆုံစကား ပြော ဖြေရှင်းပေးရန် နောက်ဆုံးအကြိမ် တောင်းဆိုအသိပေးလိုက်ကြောင်း၊ လူကြီးမင်းတို့ လျစ်လျူ ရှုခဲ့ပါကလည်း နောက်ဆက်တွဲ ကိစ္စရပ်များသည် လူကြီးမင်းတို့၏ တာဝန်ပင်ကြောင်း ဗကသ ဗဟို က အိတ်ဖွင့်ပေးစာဖြင့် အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *