TNLA News

0 0
Read Time:3 Minute, 58 Second

၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁၅ အတွင်း နောင်ချိုမြို့ကို အလုံးသိမ်းပိုက်ရရှိ

 

D Day News

ဇူလိုင်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁၅ ရက် အကြာတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနနှင့် ဒေသ သတင်းရင်းများထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၀ ရက် ညနေ ၃ နာရီအချိန်တွင် နောင်ချိုမြို့နယ်ရှိ လက်ကျန်စခန်းဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ ဒုံးတပ်ရင်း အမှတ် ၆၀၆ ကို အလုံးစုံ သိမ်းပိုက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆို ပါ တိုက်ခိုက်မှုကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

နောင်ချိုမြို့ရှိ ဒုံးတပ်ရင်း ကျဆုံးမှုမရှိစေရန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက်ကြီး ပစ်ကူအမြောက်အများဖြင့် ခုခံခဲ့သည့်အပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ် လက်အောက် ခံ ဧလာအခြေစိုက်တပ်တစ်ခုဖြစ်သည့် ခမရ ၃၀၂ တပ်ရင်းပါ ပို့ဆောင်ပြီး ခုခံနေခြင်းဖြစ်ကြောင်း၊ စစ်ရေးအရ ရှုံးနိမ့်နေသည့်အပြင် အမှတ် ၆၀၆ ဒုံးတပ်ရင်းမှ ဗျူဟာမှူး၊ တပ်ရင်းမှူး တို့ ဒဏ်ရာရရှိ ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းစွန့်ခွာ ဆုတ်ခွာရန်အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ကစ၍ နောင်ချိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်း တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ရဲစခန်း၊ ကံ့ကော်တပ်စခန်း၊ ခဲမွန်စစ်တပ်စခန်း၊ ကျောက်ကြမ်းစစ်တပ်စခန်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးတပ်စခန်းတို့ကို ဇွန်လ ၂၆ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်စခန်းကို ဇွန်လ ၂၈ ရက် နေ့တွင်လည်းကောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၆၀၆ ဒုံးတပ်စခန်းကို ဇွန်လ ၂၇ ရက် နေ့ကလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီ တပ်တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

တပ်မဟာ (၆)စစ်ဒေသ၊ လားရှိး၊ တန့်ယန်းမြိုနယ် နားဆောင်ရွာအနီးတဝိုတ်တွင် တအာင်း တပ်မ တော် TNLA မှ  စစ်ကောင်စီတပ် မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုးမိတ် မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင် စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်း တပ် မတော် TNLA ၊  PLA ၊ MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဉ်ဖြင့်လက် နက်ခဲယမ်းများ ၆ ကြိမ် ပစ်ချခဲ့ပြီး၊ Y12 ဖြင့် ဗုံး ၁၆ လုံး မိုးမိတ်မြို့အတွင်းသို့ ကြဲချတိုက်ခိုက်ခဲ့ ကြောင်း၊ အလားတူ နောင်ချိုမြို့အတွင်းသို့လည်း စစ်ကောင်စီတပ်မှ Y12 ဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *