TNLA News

0 0
Read Time:2 Minute, 16 Second

တအာင်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁၅ ရက်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅၄ ဦး သေဆုံးပြီး နေအိမ် အလုံး ၉၀ ထက် မနည်း ပျက်စီး

 

D Day News

ဇူလိုင်လ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁၅ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည် သူ ၅၄ ဦးသေဆုံးပြီး နေအိမ် အလုံး ၉၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေး ဌာနထံက သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ တအာင်းပြည်နယ်၊ လားရှိုး၊ သီပေါ၊ မိုးမိတ်၊ နောင် ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅၄ ဦးသေဆုံးပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားပြည်သူနေအိမ် အလုံး ၉၀ ထက် မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းကလည်း လားရှိုးမြို့နယ်၊ အမှတ် ၉ ရပ်ကွက်အတွင်းသို့ အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့သေဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မင်းတံတားတွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက် ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည့်အပြင်နေအိမ် ၂ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *