NUG News

0 0
Read Time:2 Minute, 47 Second

ဝက်လက်မြို့နယ်တွင် ဗကသကျောင်းသား သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NUG အစိုးရ ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗကသ ကျောင်းသားသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုရရှိရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NUG အစိုးရက ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဇူလိုင်လ ၈ ရက် ည ၉ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက် လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) သည် ရွာပြင်သုဿန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းတွင် လူမဆန်စွာ အသတ်ခံရ ကြောင်း သိရှိရပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မောင်မြင့်မြတ် ဦး သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း NUG အစိုးရက ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာ အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူ များအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

 

နွေဦးတော်လှန်ရေးတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့အား ချိုးဖောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူ များ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများအား အပြင်းအထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှု ဖြစ်စဥ်များကို အသေးစိတ်မှတ်တမ်းတင်လျက် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို နည်း လမ်း အမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *