Monywa News

0 0
Read Time:2 Minute, 44 Second

ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ ဆေးခန်းနှင့် မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်မှု ကြောင့် အသက် ၂ နှစ်အရွယ်ကလေးနှင့် ၎င်း မိခင်ဖြစ်သူတို့အပါအဝင် ၉ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာဆေးခန်းနှင့် မုံရွာမြို့နယ်၊ ထနောင်းတော မြောက်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ်ကလေး နှင့် ၎င်း၏ မိခင်ဖြစ်သူတို့အပါဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရ သည်။

 

ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်က ဘုတလင်မြို့နယ်၊ မုံရွာ -ရေဦးလမ်းပိုင်း၊ ထနောင်း ကုန်းကျေးရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး၊ ၎င်း၏မိခင်ဖြစ်သူ ဆရာမတစ်ဦး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ချခံရ တာ။အဲ့ဒီမှာ ဒဏ်ရာရလို့ ဆေးကုနေတဲ့အချိန် ထပ်ချ ခံ ရတာ။ လူနာသယ်တာတို့ ဘာတို့ကို ဒရုန်းနဲ့ သေချာကြည့်ပြီးမှလုပ်တာ။ ဆရာမရော သူ့ကလေး ၂ နှစ် အရွယ်ရော၊ ရဲဘော် ၅ ယောက်လောက်ရောကျသွားတယ်” ဟု ဘုတလင်ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဉ် ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်ခံခဲ့ရကာ ဒဏ်ရာရရှိသူများကို ထနောင်းကုန်းကျေးရွာ ဆေးခန်းသို့ သယ်ယူပြီး ကုသ နေစဉ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဇူလိုင်လ ၉ ရက် ညပိုင်းကစတင်၍ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကိုအကြမ်းဖက်စစ်ကောင်စီ၏ အနောက် မြောက်တိုင်းစစ်ဌာနချုပ် နမခ အတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *