Monywa News

0 0
Read Time:2 Minute, 36 Second

မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာနှင့်လင်းပိုကျေးရွာတို့ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာနှင့်လင်းပိုကျေးရွာတို့ကို စစ်တပ်က လက်နက် ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် မုံရွာမြို့နယ်၊ မအူဂိတ်ရှိ အကြမ်းဖက်စ စစ်သားများက ထနောင်းတောမြောက်ရွာအတွင်းသို့ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလှိုင်လ ၉ ရက်နေ့ ည ၉ နာရီ မိနစ် ၅၀ အချိန်ခန့်တွင်လည်း မုံရွာ-မန္တလေးအမြန်လမ်းမ ကြီး မုံရွာအဝင် မြေနဲကျေးရွာအနီး စွမ်းရည်ထက် စစ်ကောင်စီဂိတ်မှ ဒရုန်း(Drone)တစ်စီးပြန် ဝဲလာ ကာ ထနောင်းတောမြောက်ရွာရှိ ရေဘေးသင့်၍ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြသော ပြည် သူများအပေါ်သို့  ဗုံးသီး တစ်လုံးကြဲချခဲ့ရာ မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဖခင်ဖြစ်သူမှာ ဒဏ်ရာရရှိပြီး ၁ နာရီခန့်အကြာ သေဆုံးသွားကြောင်း သိရသည်။

 

အလားတူ ဇူလိုင်လ ၇ ရက်နေ့ကလည်း မအူဂိတ်ရှိ အကြမ်းဖက်စစ်သားများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထနောင်းတောတောင်ရွာမှ ပြည်သူ ၇ ဦး၊ ထနောင်းတောမြောက်ရွာမှ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဇူလှိုင်လ ၈ နေ့ကလည်း မအူဂိတ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လင်းပိုးကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ခရီးသွားပြည်သူ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများမှ ပြည်သူ စုစုပေါင်း ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံး သူ များလည်း ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *