Monywa News

0 0
Read Time:4 Minute, 35 Second

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကြေးနီတင်အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုရှိပြီး ကားတစ်စီး ပျက်စီး

 

D Day News

ဇူလိုင်လ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တွဲကားတစ်စီးပျက်စီး ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကား ၂၅ စီးပါ ယာဉ်တန်းအနက် ၄ စီး မြောက်ကား ကို မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီးအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွဲ ကား ၏ ခေါင်းခန်းကို ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်တန်းရပ်တန့်သွားခဲ့ကြောင်း အကြမ်းဖက် စစ် သားများ ထိ ခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“မိုင်းထိတဲ့နေရာမှာတော့ မှန်ကွဲစတွေရော သွေးကွက်တွေရော တော်တော်များတယ်။ မြေကြီးတွေနဲ့ ဖို့ထားခဲ့တာ။ သေဆုံးထိခိုက်မှုကတော့အတိအကျ စုံစမ်းလို့မရဘူး။ မိုင်းထိသွားတော့ နာရီဝက် လောက် ဆက်မသွားနိုင်ဘူး။ မိုင်းထိတဲ့ကားရော၊ နောက် ကားတွေရာ ဆက်မသွားနိုင်တော့ပဲ လမ်း ပိတ် သွားတာ။ နာရီဝက်လောက်ကြာပြီးမှ မိုင်းထိတဲ့ကားပါ ပြင်ပြီး ဆက်ထွက်သွားပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက်လာသော ကြေးနီ တင်တွဲကား ၉ စီးအနက် ၆ စီးမြောက်ကားကို ချောင်းဦးမြို့နယ်၊ ချောင်းဦး -မြင်းမူလမ်းပိုင်း မုံရွေး ကျေးရွာနှင့်ခင်မွန်ကျေးရွာကြားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူများ၏ ကျန်တွဲကားများမှာ ပြည်သူများ၏ ကားများ အ ကြားမှ တွဲလျက်လိုက်ပါလာသဖြင့် ဆက်လက်တိုက်ခြင်းမပြုတော့ပဲ မစ်ရှင်ဖျက်သိမ်းကာ ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း၊ မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတွဲများနှင့်အတူ အနီးကပ်လိုက်ပါခြင်းမပြုပဲ ဝေးဝေးမှမောင်းနှင်ပေးခြင်းဖြင့် ကူညီပေးပါရန်နှင့် အကြမ်းဖက်စစ် သားများက လမ်းဘေးဝဲယာတို့တွင် နင်းမိုင်းများ‌ ထောင်ထားသဖြင့် ဂရုစိုက်သွားလာပေးကြပါရန်‌ မေတ္တာရပ်ခံ ထားသည်။

 

“ပစ်ခတ်တိုက်ခိုက်မှုမှာလည်း သွေးအိုင်တွေတော့ တွေ့တယ်၊ သေ၊ မသေတော့ အတိအကျ စုံစမ်းလို့ မရဘူး။ သေဖို့တော့များတယ်။ စခတွေက ချောင်းဦး -မြင်းမူလမ်းပိုင်းမှာ နင်းမိုင်းတွေ အများကြီး ထောင်ထားပါတယ်၊ ခရီးသွားမိဘပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လမ်းခရီးမှာ စခ ကားတွေ၊ ကြေးနီတင်ကားတွေ တွေ့ရင် ခပ်ဝေးဝေးက မောင်းနှင်ပေးကြဖို့နဲ့ ဂရု စိုက်သွားလာပေးကြဖို့ ပြောကြားချင်ပါတယ်။ မနေ့ကဆိုရင် ကြေးနီတင်ကားတွေက ပြည်သူ့ကား တွေနဲ့ ရောညှပ်လိုက်လာတာ။ ပြည်သူ့ကားတွေကို အကာအကွယ်ယူပြီး သွားလာနေသလို ဖြစ်နေပါ တယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း -People’s Defence Force – South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People’s Task Force ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *