Read Time:1 Minute, 4 Second
ဂန့်ဂေါမြို့နယ်တွင် မြစ်ဆိပ်သို့ ရေချိုးဆင်းလာသော ရဲတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းမိ
D Day News
ဇူလိုင်လ ၁၀
မကွေတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မြစ်ဆိပ်သို့ရေချိုးဆင်းလာသော ရဲတစ်ဦးကို လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးရရှိခဲ့ကြောင်း Generation Z Army တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၇ ရက်နေ့က ဂန့်ဂေါမြို့တွင်း၌ တာဝန်ကျနေသော အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ရဲထက်မြတ်သည် မြစ်ဆိပ်သို့ ရေချိုးဆင်းလာကြောင်း သတင်းအရ အသင့်စောင့်ဆိုင်းနေခဲ့ရာ G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘာက် ၁ ခု၊ 7.62 (G 3) ကျည် ၁၂ တောင့်နှင့်အတူ ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသော ရဲတပ်သားကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းထားကြောင်း Generation Z Army တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
D Day News