TNLA News

0 0
Read Time:3 Minute, 3 Second

မိုးမိတ်နှင့် မိုးကုတ်မြို့နယ် အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် မိုးကုတ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်းTNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

 

မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် သရက်တောစခန်းနှင့် မိုင်တိုင် (၆)တပ်စခန်း တိုကို တအာာင်းတပ်မတော် TNLA မှ လက်နက်ခဲယမ်းများနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

အလားတူ ယနေ့ ဇူလိုင် ၉ ရက် မွန်လွဲ ၁ နာရီ ၅၅ မိနစ် အချိန်တွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်စခန်း မိုင်တိုင် ၅ စခန်း နှင့် ယောမူးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီ တပ်တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ သဲခေါ်ရွာသို့ ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီ တပ်မှ အတွဲလိုက်ဒုံး ၃၁ လုံး နှင့် ဒရုန်းဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်သို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၁ ကြိမ်  လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် ၊ တော့ဆန်ရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၁ ကြိမ် နှင့် လက်နက်ကြီးဖြင့် ၂ ကြိမ် ပြည်သူလူထုရှိရာနေရာကို ဦးတည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လားရှိး၊ တန့်ယန်းမြိုနယ်ရှိ စစ်ကောင်စီတပ် မန်ကတ်စခန်းမှ နားဆောင်ရွာသို့ လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေတောင် ဦး ရှိ နေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ပွဲချင်းပြီး သေ ဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင်   သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *