TNLA News

0 0
Read Time:2 Minute, 14 Second

မိုးမိတ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသေဆုံး၊ စစ်ဆင်ရေးကာလအတွင်း ပြည်သူ ၅၀ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ မိုးမိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ငယ်တစ်ဦးသေဆုံးပြီး သံဃာတစ်ပါးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက မိုးမိတ်မြို့နယ်၊ ရွှေတောင်ဦးရွာနှ့င့် သရက်တောကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေတောင်ဦးရွာ၌ နေအိမ် တစ်လုံးပေါက် ကျရောက်ပေါက်ကွဲပြီး အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သရက်တောကျေးရွာ၌ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီး တစ်ပါး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယမန့်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိုးကုတ်အရှေ့ပိုင်း ပိတ်စွယ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်နှင့် မြို့လယ်ရှိနေအိမ်တစ်အိမ် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာ လ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သားပြည်သူ ၅၀ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်အရ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *