ရှမ်းတောင်ရှိ တပ်ရင်းနှင့် တပ်စခန်းအချို့ကို ဝိုင်းပတ်ဆို့ထားကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင် အသိပေး (ရုပ်သံ)
D Day News
ဇူလိုင်လ ၉
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းနှင့်စခန်းအချို့ကို ဝိုင်းပတ်ပိတ်ဆို့ထား ကြောင်း ရပခ တိုင်းမှူး ကိုဇော်မင်းလတ်နှင့် တပခ တိုင်းမှူး ကိုကြည်သိုက် တို့ သိစေရန် ဗိုလ်ကြီး ဟောင်းနေမျိုးဇင်က အသိပေးပြောကြားသည်။
အကြမ်းဖက်စစ်ဖက်ဆစ်လက်ပါးနိုင်ငံသားများကို သတ်ဖြတ်လိုစိတ်မရှိကြောင်း၊ သို့သော်လည်း ဖက်ဆစ်စနစ်ရှင်သန်စေရန် မသိစိတ်ဖြင့် ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ၊ ထမ်းဆောင်နေကြသူများကို မလွှဲမရှောင်သာ ပစ်ခတ်သတ်ဖြတ်ရမှုရှိကြောင်း၊ သို့သော်လည်း အလံဖြူထောင်၍ဖြစ်စေ၊ လက် နက်ချ၍ဖြစ်စေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည်ဟု အသိတရားဝင်ကာ ဖက်ဆစ်မင်း အောင်လှိုင်လက်အောက်၌ ဆက်မမိုက်သင့်တော့ကြောင်း တိုက်တွန်းထားသည်။
“အခုကျနော်ရောက်ရှိနေတဲ့နေရာဆိုရင်သူတို့ဗျူဟာစခန်းနေရာနားမှာရောက်ရှိပြီး ပိတ်ဆို့နေရာယ ထားပြီးဖြစ်ပါတယ်၊ အခုဆိုရင် သူတို့ဗျူဟာဌာနက ဗျူဟာမှူးတွေအပါအဝင် အများစုကို အရေးပေါ် ဖြစ်လာတဲ့ ရှမ်းမြောက်က လားရှိုးမြို့မကျအောင်၊ မေမြို့မကျအောင် စသည်ဖြင့် ထုတ်နှုတ်အင်အား တွေနဲ့ ဆွဲထုတ်သွားတဲ့အတွက် ဒီတပ်စခန်းတွေမှာ အင်အား ဘယ်လောက်ပဲ ကျန်တော့တယ်ဆိုတာ မြေပြင်ကင်းထောက်တွေ ၊ ပြည်သူလူထုရဲ့သတင်းပေးပို့ချက်တွေ၊ ဆက်သွယ်ရေးစက်တွေရဲ့ ကြား ဖြတ်ဖမ်းယူချက်တွေနဲ့အားလုံးသိရှိထားပါတယ်။ သိထားတဲ့အတွက် တမင်တကာကို နေရာမျက်နှာ ပြင် အနေအထားကို ပြပြီးတော့ ရောက်ရှိနေတာဖြစ်တယ်။ ရဲဘော်တွေအားလုံး ပိတ်ဆို့ဖြတ် တောက်ထားပြီးဖြစ်တယ်။” ဟု ဗိုလ်ကြီးဟောာင်းနေမျိုးဇင်က ပြောကြားသည်။
ဝိုင်းပတ်ပိတ်ဆို့ခံထားရသော အကြမ်းဖက်စစ်တပ် တပ်ရင်းများအနေဖြင့် သုံးလေးရက်အတွင်း မြန်ဆုံးလက်နက်ချအလင်းဝင်ကြရန်၊ သို့မဟုတ်ပါက ဆုတ်ခွာရုတ်သိမ်းပေးရန် ဗိုလ်ကြီးဟောင်း နေမျိုးဇင် က အသိပေးထားသည်။
D Day News