NUG News

0 0
Read Time:2 Minute, 9 Second

ရှမ်းမန်းစစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ တပ်ရင်းများ ပါဝင်တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၉

 

ရှမ်းမန်းစစ်ဆင်ရေးတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျက် ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင်ထုတ်ပြန်သည်။

 

၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်း၌ စုဖွဲ့ ထားသော ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ယင်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိသော ဗျုဟာနှင့် တပ်ရင်းများမှာ-

– ဗျုဟာ (၅၂)

– ရွှေဘိုခရိုင် တပ်ရင်း ၇

– ရွှေဘိုခရိုင် တပ်ရင်း ၁၀

– ရွှေဘိုခရိုင် တပ်ရင်း ၁၆

– ဗျူဟာ (၅၅)

– ရွှေဘိုခရိုင် တပ်ရင်း ၁၅

– ရွှေဘိုခရိုင် တပ်ရင်း ၁၈

– ရွှေဘိုခရိုင် တပ်ရင်း ၂၃

– ရွှေဘိုခရိုင် တပ်ရင်း ၂၆

– ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ နှင့် သက်ဆိုင်ရာ ပကဖအဖွဲ့ တို့လည်း ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ရေးအောင်ပွဲများ ရရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူအထိ အရှင်ဖမ်းမိထားကာ စစ်သုံ့ပန်းအမြောက်အများ၊ လက်နက်ခဲ ယမ်းအမြောက်အများကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *