Myaing @ Pauk News

0 0
Read Time:4 Minute, 27 Second

မြိုင်နှင့်ပေါက်ရှိ စစ်တပ်၊ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၉

 

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စီးနင်းဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် မြိုင်မြို့ မီးသတ်ရုံးအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး မြို့တွင်းမှ စစ်ကူ များရောက်ရှိလာခြင်း၊ ခဲယမ်းလိုနည်းပါးလာခြင်းကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ၆ ဦးခန့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကြောင့် ငိုကြွေး သံများလည်းကြားခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော်တစ်ဦး လည်ပင်း ကျည် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြိုင်မြို့တွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြိုင်မြို့ အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ တောထဲတွင် နေထိုင်သော အသက် ၁၅ နှစ်အရွယ် မောင်မင်းခန့် မောင် ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးတင်တို့ ထိမှန်သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး လက်နက်ကြီးစထိ မှန်ကာ အပြင်းအထန်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၃ ၊ မြိုင်ပကဖတပ်ရင်း ၂ ၊ မြိုင်ပကဖ (IO) အ ဖွဲ့၊ Myaing U.A.V Fighter ၊ Joker ပြောက်ကျားတပ်ဖွဲ့ နှင့် ဇော်မိုက် BRAF Drone Team တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားပျူကျေးရွာနှင့် တရော်ကိုင်း ပျူကျေးရွာတို့ကို ဒရုန်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီခန့်ကစတင်ကာ ပေါက်မြို့နယ်၊ ဇီးပြားပျူစောထီးကျေးရွာ နှင့် တရော်ကိုင်း ပျူစောထီးကျေးရွာတို့ကို ဒရုန်း၊ လက်နက်ကြီး၊ ရော့ကတ် အကြိမ်ရေ ၁၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးပြားပျူကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများမှ လက်နက်ငယ် များ ဖြင့် ရမ်း သမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက် မပြတ်အနီးကပ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး စစ်သား၊ ရဲ၊ ပျူစောထီး ၄ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက် ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ် တပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ ဇော် မိုက် BRAF Drone Team ၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့ (ပေါက် မြို့နယ်) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အနေဖြင့် ဓမ္မနှင့် အဓမ္မ ခွဲခြားသိရှိကာ ပြည်သူ့ဘက်သို့ အ မြန် ပူးပေါင်းကြရန်နှင့် ပြည်သူ့ထံ အလင်းဝင်ရောက်ခြင်းမရှိသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစော ထီးများကို နေ့စဉ် ကြောက်ရွံ ထိတ်လန့် ထိခိုက်ဒဏ်ရာ ရရှိသေဆုံးအောင် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *