Mandalay News

0 0
Read Time:2 Minute, 47 Second

မတ္တရာမြို့နယ်၊ ရေနံသာတိုးဂိတ်ကို စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက်ခိုက်ချေမှုန်းမှု စစ်သား ၇ ဦးသေဆုံးပြီး၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ် အ ရွယ် ကလေးတစ်ဦးသေဆုံးပြီး စာသင်ကျောင်းများ ထိခိုက်ပျက်စီး

 

  • စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသွားသည့် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄ ဦးဖမ်းမိပြီး စစ်သားအလောင်း ၂ လောင်းနှင့် ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၉

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံသာတိုးဂိတ်ကို စစ်ကြောင်းထိုးလာသော စစ်သားများကို တိုက် ခိုက်ချေမှုန်းခဲ့ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အ သက် ၅ နှစ် အ ရွယ် ကလေးတစ်ဦးသေဆုံးကာ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်ရရှိထားသော မတ္တရာမြို့နယ်၊ ရေနံ့သာ တိုးဂိတ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံချေမှုန်းခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၄ ဦးကို အရှင်ထပ်မံဖမ်းမိခဲ့ပြီး စစ်သား အလောင်း ၂ လောင်းနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မတ္တရာမြို့နယ်၊ အုတ်ဖို (ရွာသစ်) ကျေး ရွာကို ယနေ့ ဇူလိုင်လ ၉ ရက် နံနက် ၁၁ နာရီခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ မတ္တရာမြို့နယ်၊ သန်းကုန်းကျေးရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းအပါအဝင် အရပ်သားပြည်သူ နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *