Human Right News

0 0
Read Time:5 Minute, 34 Second

အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ဖမ်းဆီးခံရသူ ၅၆၉၈ ဦး ဖမ်းဆီးခံရပြီး ပြည်သူ ၁၂ ဦးမှာ မိမိကိုယ်မိမိ အဆုံးစီရင်

 

D Day News

ဇူလိုင်လ ၉

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှု မထမ်းမနေရ ဥပဒေဖြင့် ဖမ်းဆီးခံရသူ ပြည်သူ ၅၆၉၈ ဦးရှိပြီး ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ကြောင်း Spring Revolution Database (SRD)က အစီရင်ခံစာထုတ်ပြန်သည်။

 

ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည့်  အကြမ်းဖက်စစ်ကောင်စီဖြင့် ယခု နှစ် ၆ လတာကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည် သူ ၅,၆၉၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအပါအဝင် ၁,၈၃၈ ဦး၊ စစ်ကိုင်းတိုင်းတွင် ၇၈၃ ဦး၊ ပဲခူးတိုင်းတွင် ၅၂၈ ဦး၊ မကွေးတိုင်းတွင် ၄၇၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် ကျေးရွာများတွင်ဖမ်းဆီးခံရသူ ၂,၃၇၄ ဦး၊ မြို့ပြတွင် ဖမ်း ဆီးခံရသူ ၁,၉၉၇ ဦး၊ လမ်းခရီးများတွင်ဖမ်းဆီးခံရသူ ၃၉၈ ဦး ရှိခဲ့ကြောင်း၊ ကျောက်ဖြူမြို့နယ် ရှိ IDP Camp အတွင်းမှလည်း ဒုက္ခသည်များကို စစ်‌သားစုဆောင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင် သွား ကြောင်း သိရသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်း၍ မိမိကိုယ်ကိုအဆုံးစီရင်မှုများလည်းဖြစ်ပွားခဲ့ပြီး စုစု ပေါင်း အဆုံးစီရင်သူ ၁၂ ဦးရှိကြောင်း သိရှိရသည်။

 

မတ်လ ၁၆ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျေးရွာတရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်မှုထမ်းရန် ကျေးရွာထဲရှိ လူငယ်များကို မဲနှိုက်ရွေးချယ်ခဲ့ရာ စစ်မှုထမ်းရန်မဲပေါက်သွား သည့် အသက် ၁၇ နှစ် အရွယ်လူငယ် ၁ ဦးက မဲပေါက်သည့်အတွက် ပိုးသတ်ဆေးသောက်ပြီး မိမိ ကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန်မဲနှိုက်ရွေးချယ်ခဲ့ရာ မဲပေါက်သည့် အသက် ၂၀ အရွယ်လူငယ်က စစ်မှုမထမ်းချင်သဖြင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်း စစ်မှုထမ်းမဲနှိုက် ရန် အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလာသော ကြောင့် မောင်ထက်ဝေအောင် (ခ) လေးလေး ၂၄ နှစ်သည် မိမိကိုယ် ကို ကြိုးဆွဲချပြီးသတ်သေ သွား ခဲ့ကြောင်း သိရသည်။

 

ထို့အတူ မတ်လ(၂၀)ရက်နေ့တွင် ရန်ကုန်မြို့ ဒေါပုံမြိုနယ်တွင်နေထိုင်သည့် အဖွားအို တဦးသည် မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါ၍ စိတ်ထိခိုက်ကာ ဒေါပုံတံတားပေါ်မှခုန်ချပြီး သတ်သေသွား ကြောင်း၊ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏ မဲနှိုက်ပွဲတွင် စစ်မှုထမ်းရန်မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချပြီးအဆုံးစီရင်သွားခဲ့ကြောင်း သိရှိရ သည်။

 

မတ်လ ၂၇ ရက်နေ့တွင် ရခိုင်ပြည်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်း ခင်ကျေးရွာတွင်နေထိုင်သည့် လူ ငယ် တဦးသည် စစ်မှုထမ်းရမည်ကိုစိုးရိမ်ကြောက်လန့်၍ ရှောင်တိမ်းနေစဉ် ချောင်းအတွင်း ရေနစ် မြုပ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

တနင်္သာရီတိုင်း မြိတ်မြို့တွင် တုံးဗျောငယ်ရွာတွင်နေထိုင်ပြီး စစ်မှုထမ်းရန်စာရင်း ပါသည့် ဦးစိုးမင်း နိုင် အသက် ၃၀ နှစ်သည် မတ်လ ၃၀ ရက်နေ့တွင် ကြိုးဆွဲချပြီးသတ်သေသွားခဲ့ကြောင်း၊ မတ်လအ တွင်း စစ်မှု ထမ်းဥပဒေကြောင့် အရပ်သားပြည်သူ ၇ ဦး မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း သိရ သည်။

 

ဧပြီလ ၈ ရက်နေ့ ည ၁၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ တောင်ငူမြို့ ၁၆ ရပ်ကွက် ဈေးလမ်းတွင် နေထိုင် သော ကိုအေးချမ်း (ခ) ကောက်ကောက် အသက် ၂၅ နှစ်ကို အုပ်ချုပ်ရေးမှူးမှ စစ်သင်တန်း တက် ရောက်ရန် နေအိမ်သို့ သွား‌ရောက်ပြောဆိုပြီးနောက် ကိုအေးချမ်းကိုသည် နေအိမ်အတွင်း၌ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

 

ဧရာ၀တီတိုင်း ငပုတောမြို့နယ်၊ ကြာကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင်သည် အကြမ်း ဖက် စစ်ကောင်စီ၏ စစ်သားစုဆောင်းရန်အတွက် ဖိအားပေးစေ ခိုင်းမှုကြောင့် မေလ ၂၅ ရက်နေ့ တွင် မိမိကိုယ်ကိုကြိုး ဆွဲချပြီး သတ်သေသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေ ကြောင့် မိမိကိုယ်ကိုသတ်သေသူ ၁၂ ဦးအထိရှိလာကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *