0
0
Read Time:1 Minute, 6 Second
ရေဖြူမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိ
D Day News
ဇူလိုင်လ ၉
တနင်္သာရီတိုင်း၊ ရေဖြူမြို့မ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း၌ ရေဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးကို ၄င်းနှင့် ပါလာသော ပစ္စည်းများနှင့် အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ/သတိပြုသွားလာနေထိုင်ကြရန် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က အသိပေးထုတ်ပြန်ထားသည်။
D Day News