Chaung U News

0 0
Read Time:2 Minute, 25 Second

ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ကြေးနီတင်ယာဉ်တန်းကို တိုက်ခိုက်ရင်း စစ်တပ် ထောင်ထားသော နင်းမိုင်းမိကာ NPRF တပ်ခွဲ ၃ မှ တပ်စိပ်မှူး ရဲဘော်ပိန်းသေး(ခ) ဇော်ထူးအောင် ကျဆုံး

 

D Day News

ဇူလိုင်လ ၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို တိုက် ခိုက်ရင်း စစ်တပ်ထောင်ထားသော နင်းမိုင်းမိကာ NPRF တပ်ခွဲ ၃ တပ်စိပ်မှူး ရဲဘော် ပိန်းသေး(ခ) ဇော်ထူးအောင် ကျဆုံးခဲ့ကြောင်း အနောက်လွင်ပြင် တော်လှန်ရေးအင်အားစု – NPRF ထံမှ သိရ သည်။

 

ဇူလိုင်လ ၇ ရက်နေ့က ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်သို့ ဖြတ်သန်းသွားလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ် သားများ ထောင်ထားသည့် နင်းမိုင်းမိကာ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု ၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်စိတ်မှူးအဆင့်ရှိသူ ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်အပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်မှာ ကျဆုံးခဲ့ရကြောင်း သိရသည်။

“သူက ငယ်သေးတယ်၊ ကျောင်းသားရဲဘော်တစ်ဦးပဲ၊ ကြေးနီသယ်တဲ့ စကစကားတန်းတွေကို တိုက် ခိုက်ရင်း ဖြစ်သွားတာ။ နင်းမိုင်းက ရိုးရိုးနင်းမိုင်းမဟုတ်ဘူး။ အတော်ကြီးတယ်။ သူအပါအဝင် ၃ ယောက်ထိတာ၊ ကျန်တဲ့ရဲဘော်တွေလည်း အသက်မသေပေမယ့် ဒဏ်ရာတော်တော်များတယ်။ သေနတ် တစ်လက်လည်း ပျက်စီးခဲ့တယ်” ဟု အနောက်လွင်ပြင် တော်လှန်ရေးအင်အားစု – NPRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အသက်ပေးခဲ့သည့် ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်၏ စွန့် လွတ် အနစ်နာခံမှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများမှ အလေးနီ ပြုအပ်ပါကြောင်း အ နောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *