Yinmarbin News

0 0
Read Time:2 Minute, 50 Second

ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်း ဗဟိုကင်း၊ Jammer ထားရာရေစင်နှင့် ရွှေတောင်ရိပ်သာ အတွင်း စစ်သား မင်္ဂလာဆောင်ပွဲကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၈

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်း ဗဟိုကင်း၊ Jammer ထားရာ ရေစင်နှင့် ရွှေတောင်ဦးကုန်း ရိပ်သာအတွင်း အကြမ်းဖက်စစ်သား မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရ သည်။

 

ယမန်နေ့ ဇူလိုင်လ ၇ ရက် နံနက်၁၁ နာရီအချိန်တွင် ယင်းမာပင်မြို့နယ်၊ ရဲတပ်ရင်း ၂၈ ဗဟိုကင်းနှင့် Jammer ထိုင်ထားရာ ရေစင်ပေါ်သို့ Fixed Wings ဒရုန်းလေယာဉ်ငယ်များ အသုံးပြုပြီး 1kg ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အလားတူ မွန်းတည့် ၁၂ နာရီအချိန်တွင် ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်းရှိ အကြမ်းဖက်စစ် သားများနေထိုင်သော ရိပ်သာအတွင်း အကြမ်းဖက်စစ်သားတစ်ဦး မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် Fixed Wings ဒရုန်း လေယာဉ်ငယ်များကို အသုံးပြုပီး 1kg ဗုံးသီး ၃ လုံးကျဲချ တိုက်ခဲ့ရာ မင်္ဂလာ ဆောင်လာရောက်သူအားလုံးထွက်ပြေးသွားပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ချသမျှ ဗုံးသီးတွေ အကုန်လုံးကွဲပါတယ်။ ပစ်မှတ်ကိုလည်း အကုန်လုံးထိအောင်ချနိုင်ခဲ့ပါတယ်။ စခ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန် ဒရုန်းနဲ့ဗုံးသီးချတာက အထိအခိုက် မသိရသေးဘူး။ မင်္ဂလာ ဆောင်လာတဲ့လူတွေကတော့ အကုန်ထွက်ပြေးတယ်လို့ သိရတယ်။ ရဲတပ်ရင်း ၂၈ ကနေတော့ လက်နက်ကြီး ၇ ချက်ပြန်ပစ်တယ်။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ကျောက် လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ယင်းမာပင် ခရိုင်ဗျူဟာ အမှတ် ၄၅ KLG PDF၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ၊ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့နှင့် P.R.A.F အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *