Thayet Chaung News

0 0
Read Time:1 Minute, 29 Second

သရက်ချောင်း-ထားဝယ်လမ်းပိုင်းတွင် ပျူကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ပျူတစ်ဦး အပြင်း အထန် ဒဏ်ရာရ(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၈

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်း -ထားဝယ်လမ်းပိုင်းတွင် ပျူကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၇ ရက် မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်အချိန်ခန့်က သရက်ချောင်းမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသော ပျူ စိုးမိုး၏ ကားကို ထားဝယ် -သရက်ချောင်းလမ်းပိုင်း တနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသမား၏ နံဘေးမှ လိုက်ပါလာသော ပျူတစ်ဦး ကျည်ထိပီး အပြင်းအထန်ဒဏ်ရာရရှိကာ မောင်းနှင်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အဆိုပါကားမှာ ထားဝယ်မြို့နယ်၊ သဗြေချောင်းတပ်နယ်ဆေးရုံ သို့ မောင်းနှင်သွားပြီး ကျည်ထိဒဏ်ရာရရှိသော ပျူကို ယင်းတပ်နယ်ဆေးရုံတွင် တင်ပို့ကုသထား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင် စစ်ကြောင်း ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *