Oak Phoe News

0 0
Read Time:2 Minute, 10 Second

အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းရန် လူစုနေသည့် အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းရန် လူစုပေး နေသည့် ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး “ချစ်ကို” ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝ တီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၈ ရက်နံနက် ၁၀ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး သည် ၎င်း၏ လယ်ထဲသို့ ဆိုင်ကယ် စီးနင်းလာရောက်စဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ စောင့်ကြိုပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာ ပင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ချစ်ကို သည် အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ထားသည်ဟု သတင်း လွှင့် ၍ အကြမ်းဖက်စစ်သားများထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​ကို ထောက်​လှမ်း​ သတင်းပို့ခြင်း၊ အကြမ်းဖက်စစ်တပ် အလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံနေခြင်းတို့ လုပ်ဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ အ ရေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

 

ပြည်သူများအား စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စစ် ကောင်စီ ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး အဆိုပါ စစ်ကောင်စီ ထောက်တိုင်များအနီး၌ ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိ ပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *