Maddayar News

1 0
Read Time:2 Minute, 3 Second

မန္တလေးနန်းတွင်းမှ စစ်ကူထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု သံချပ်ကာ ကားတစ်စီး ပျက်စီးပြီး လက်နက် ၉ လက်နှင့် စစ်သုံ့ပန်းများဖမ်းဆီးရရှိ

 

D Day News

ဇူလိုင်လ ၈

 

မန္တလေးမြို့၊ မန္တလေးနန်းတွင်းမှ စစ်ကူပေးထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ကားတစ်စီးပျက်စီးပြီး လက်နက် ၉ လက်နှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိခဲ့ကြောင်း သိရ သည်။

 

ဇူလိုင်လ ၆ နှင့် ၇ ရက် ၂ ရက်အတွင်း မတ္တရာမြို့နယ်တနေရာ၌ မန္တလေးနန်းတွင်းမှ စစ်ကူပေးရန် ထွက်လာသည့် သံချပ်ကာ ကား ၂ စီးပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ သံချပ်ကာ ကား ၂ စီးအနက် တစ်စီးကို RPG 7 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကား၏ ဘီးများ ပျက်စီးပြီး မောင်းမရတော့သဖြင့် ကျန်တစ်စီးဖြင့်ဆွဲယူကာ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ငယ် ၅ လက် ကိုလည်းကောင်း၊ ဇူလိုင်လ ၇ ရက်နေ့တိုက်တိုက်ခိုက်မှုတွင် လက်နက်ငယ် ၄ လက်ကိုလည်းလည်း ကောင်း သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သားများကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ထိန်းသိန်းစောင့်ရှောက်ထား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြိုနယ်ပကဖ၊ မတ္တရာမြိုနယ် တိုက်နယ်၂ ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ နှင့် ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *