Maddayar News

0 0
Read Time:2 Minute, 47 Second

မတ္တရာမြို့နယ်၊ မြောက်တံငါရွာအနီး စစ်တပ်စစ်ကြောင်းကို ပေပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စခ ၂၅ ဦးသေဆုံး(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၈

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောက်တံငါရွာ ပန်းအိစံစားသောက်ဆိုင်အနီးတွင် အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို ပေပါမိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးခဲ့ ကြောင်း မိုးကြိုးစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၄ ရက်နေ့က မတ္တရာမြို့နယ်မြောက်ပိုင်းသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ်သားများကို မြောက်တံငါရွာ၊ ပန်းအိစံ စားသောက်ဆိုင်အနီး အရောက် ပေ ပါမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့် မြောက်တက်သွားပြီး ၂၅ ဦး ခန့်လဲသွားကြောင်း၊ ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးခဲ့ပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီး ကျန်အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နေသေဖြင့် သေဆုံးစစ်သားအလောင်းများထံမှ လက်နက်များကောက်ယူနိုင်ခြင်းမရှိပဲ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မိုးကြိုးစစ်ကြောင်း တိုက်နယ် ၃ ပကဖ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး မိုးကြိုးစစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကူလမ်းကြောင်းဖြတ်တောက်ရေး၊ နယ်မြေရှင်းလင်းရေး စသည့် စစ်ရေးလှုပ်ရှားမှုများအပြင် စစ်တလင်းအတွင်းမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒုက္ခသည်များကူညီကယ်စောင့်ရေး၊ ကျန်းမာရေးစောင့်ရှောက် ရေးလုပ်ငန်းစဉ်များကိုပါ တပါတည်းကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရှမ်းမန်းစစ်ဆင်ရေးကာလ မတ္တရာမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေမှုများရှိပြီး မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာ နေရာများ၌ ပုန်းခို နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *