KNLA News

0 0
Read Time:5 Minute, 15 Second

လောက်ကိုင်တွင် လက်နက်ချပြီး အောင်ဇေယျစစ်ဆင်ရေးကို ပြန်ပို့ခံရသည့် တပ်သားဝေရီလွင်နှင့် အင်တာဗျူး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် လက်နက်ချခဲ့ပြီးနောက် ကရင်ပြည်နယ် အောင် ဇေယျ စစ်ဆင်ရေးတွင် ပြန်လွှတ်ခံရသည့် တပ်မ ၅၅ လက်အောက်ခံ ခလရ ၁၈ မှ တပ်သား ဝေရီလွင်ကို KNLA ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်သည်။

 

တပ်သားဝေရီလွင်သည် KNLA တပ်ထံသို့ အောင်ဇေယျစစ်ဆင်ရေးအတွင်းမှ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

မေး ။ ။ ကိုယ်ပိုင်အမှတ်၊ အဆင့်၊ အမည်၊ တာဝန်ထမ်းဆောင်သည့်တပ်

 

ဖြေ။ ။ တ —- ရီဝေလွင် ၊ တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၈

 

မေး။ ။ အကြမ်းဖက်စစ်တပ်ထဲ ဘယ်လိုရောက်ရှိခဲ့တာလဲ။

 

ဖြေ။ ။ ကျနော်အလုပ်ကအပြန် ဒညင်းကုန်းစုဆောင်းရေးကအစ်ကိုနဲ့တွေ့ပါတယ်။ ကျနော်ကို လိမ်ညာပြီးတော့ခေါ်ပါတယ်။ အလုပ်ကောင်းတယ်ဆိုပြီးတော့ လိမ်ညာခေါ်သွားတာ။ ကျနော်က မသိဘူးလိုက်သွားတာ။ သူတို့စုဆောင်းရေးထဲရောက်တော့ ကျနော်က စစ်ထဲမဝင်ချင်ဘူးလို့ ၊ အ ဆောင်မှာ ပိုက်ဆံတွေပေးရအုံးမယ်ပြောတော့ သူလိုက်ဆပ်ပေးတယ်။ လိုက်ဆပ်ပေးပြီးတော့ တပ် ထဲပြန်ခေါ်သွားတယ်။ ခေါ်ပြီးတော့ သင်တန်းကျောင်းပို့ပေးလိုက်ပါတယ်။

 

မေး။ ။ သင်တန်းပြီးလို့ တပ်ထဲရောက်တော့ ဘယ်လိုစစ်ဆင်ရေးမျိုးတွေထွက်ရလဲ။

 

ဖြေ။ ။ တပ်ထဲရောက်ပြီးတော့ ရှေ့တန်းကို တန်းထွက်ရပါတယ်။ လောက်ကိုင်ကို။ လောက်ကိုင်မှာ ကျတော့လည်း ရှေ့မှာတိုက်ပွဲဖြစ်ပြီးတော့ သိပ်မကြာပါဘူး၊ လက်နက်ချလာပါတယ်။ လက်နက် ချ ပြီးတော့ လူကြီးတွေက ကျနော်တို့ကို ကားပေါ်တက်ဆိုပြီးတော့ လွှတ်လိုက်ပါတယ်။

 

မေး။ ။ လောက်ကိုင်မှာ လက်နက်ချပြီးနောက် ဘယ်ကို ဆက်စေလွှတ်လဲ။

ဖြေ။ ။ ဘယ်ကိုစေလွှတ်လည်းဆိုတော့ သူတို့က မြန်မာနိုင်ဘက်ကို ပြန်ပို့ပါတယ်။ ပို့ပြီးတော့ ကျ နော်တို့ လားရှိုးမှာ လက်နက်တွေပြန်ထုတ်ပါတယ်။ လက်နက်တွေထုတ်ပြီးတော့ လုံခြုံရေး ထပ်ဝင် ရပါတယ်။ လုံခြုံရေးယူပြီးတော့ နောက်တန်းကို ပြန်လာတယ်။ နောက်တန်းပြန်လာပြီးတော့ တပ် မှာ ကြာကြာမနေရပါဘူး။ ၂ ရက်လောက်ပဲနေပြီးတော့ ဗထူးကိုလုံခြုံရေးသွားရပါတယ်၊ ဗထူးလုံခြုံ ရေးကနေပြီးတော့ ကရင်ပြည်ကို စစ်ကြောင်းထိုးပါတယ်။

 

မေး။ ။ အောင်ဇေယျ စစ်ဆင်ရေးအတွင်း ခမရ ၁၈ ၏ စစ်ထွက်အင်အား ဘယ်လောက်ရှိလဲ။

 

ဖြေ။ ။ ၁၂၀ ပဲ ရှိပါတယ်။ ၁၂၀ ကို အခုလောလောဆယ် ၆၀ ပဲရှိပါတယ်။ ကျတာနဲ့ခြေပြတ်လက် ပြတ်ဖြစ်ကုန်တာနဲ့ ဒဏ်ရာရတဲ့စစ်သည်တွေဖြစ်ကုန်ကြတာ။

 

မေး။ ။ အောင်ဇေယျစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး အသုံးပြုပြီး အကြောက်တရားမရှိ၊ သေရ မှန်း မသိ ရူးကြောင်ကြောင် လူတွေတွေ့ရတယ်။ သူတို့က ဘယ်ကမူးယစ်ဆေးဝါးတွေရရှိတာလဲ။

 

ဖြေ။ ။ နောက်တန်းကနေ မှာပြီးတော့ သုံးနေကြပါတယ်။

 

မေး။ ။ အောင်ဇေယျစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲနေသူ ဘယ်နှစ်ရာခိုင်နှုန်း လောက်ရှိလဲ။

 

ဖြေ။ ။ ရှိပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

 

မေး။ ။ အလင်းဝင်ရင် ဘယ်လိုဖြစ်မယ်လို့ ခြိမ်းခြောက်ထားတာရှိလဲ။

 

ဖြေ။ ။ မင်းတို့ထွက်ပြေးလည်း မရဘူးတဲ့၊ မင်းတို့ ထွက်ပြေးလည်း မလွတ်ဘူးတဲ့။ ဟိုဘက်က မင်း တို့ကို သတ်ပစ်မယ်ပြောပါတယ်။ အခုကတော့ လက်ဖျားနဲ့တောင်မထိပါဘူး။ ကောင်းကောင်းမွန်မွန် ထားပါတယ်။

 

မေး။ အောင်ဇေယျစစ်ဆင်ရေးအတွင်း အလင်းဝင်လိုသူတွေ ဘယ်နှစ်ရာခိုင်နှုန်းလောက်ရှိလဲ။

 

ဖြေ။ ။ ၃၀ ရာခိုင်နှုန်းလောက်တော့ရှိပါတယ်။ သူတို့လည်း အဲဒါတွေမလုပ်ချင်တော့ပါဘူး။ ကျနော် လည်း အဆက်အသွယ်ရအောင် ပြန်ခေါ်နေပါတယ်။ ကိုယ့်မိသားစုနဲ့ ကောင်းကောင်းမွန်မွန် ပြန် လုပ်စားဖို့ တိုက်တွန်းနေပါတယ်။

 

မေး။ ။ အဓမ္မ တပ်သားသစ်စုဆောင်းကာ ရောက်လာမယ့် လူငယ်တွေကို ဘယ်လိုအကြံပြုချင်ပါလဲ။

 

ဖြေ။ ။ တပ်မှာ လုံခြုံရေးထားမယ်၊ ရှေ့တန်းမထွက်ရဘူး၊ ဒီလိုပြောမှာပဲ။ တပ်တွေဘာတွေရောက် လာရင် သူတို့ကို ရှေ့တန်းပို့မှာပဲ။ ပို့ရင် မိသားစုနဲ့ကွဲလိမ့်မယ်။ သေမှာပဲ၊ တပ်ထဲတော့ မဝင်တာ ကောင်းပါတယ်။

 

မေး။ ။ မိသားစုကို ဘယ်လိုစကားမျိုးပါးချင်လဲ။

 

ဖြေ။ ။ ကျနော် စစ်တပ်ကနေ ထွက်လာပြီးတော့ ကရင်လွတ်မြောက်နယ်မြေမှာ ရှိပါတယ်။ ကောင်း ကောင်းမွန်မွန်နဲ့ နေရပါတယ်လို့ ပြောချင်ပါတယ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *