AA News

0 0
Read Time:1 Minute, 28 Second

မောင်တော နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်သား အလောင်း ၃၅၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက် ရရှိခဲ့ပြီး စစ်သားအလောင်း ၃၅၀ ကျော်နှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့ ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်တွင် နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို စစ်ကောင်စီတပ်သား အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများနှင့်အတူ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နခခ ၂ တပ်စခန်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ စုပေါင်းကာ ခုခံကာကွယ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

အလားတူ မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေး မိုင် စခန်း၊ နခခ (၅) မြို့သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း ရခိုင့်တပ်တော်မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *