Yesagyo News

0 0
Read Time:2 Minute, 39 Second

ရေစကြိုမြို့၊ အထက ၁ ကျောင်းရှေ့တွင် လက်နက်ကိုင် ကင်းစောင့်နေသော စစ်သား၊ ပျူစောထီး များကို အလစ်အငိုက်တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၆

 

မကွေးတိုင်း၊ ရေစကြိုမြို့အမှတ် ၈ ရပ်ကွက်၊ အထက ၁ ကျောင်းရှေ့တွင် လက်နက်ကိုင်ပြီး ကင်း စောင့်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ အထက ၁ ကျောင်းရှေ့တွင် ကင်းစောင့်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးကို အ လစ်အငိုက် ပြောက်ကျားနည်းဗျူဟာသုံး၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ တစ်ဦး ပျူစောထီး တစ်ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“သူတို့က ကျောင်းကိုလာစောင့်တဲ့သူတွေ၊ အတွင်းထဲမှာလည်း ရှိတယ်၊ တစ်ခါတလေ ၇ ယောက် ၊ တစ်ခါတလေ ၁၀ ယောက်ကျော်တယ်။ တစ်ခါတလေတော့လည်း ၂၀ လောက်အထိ ရှိတတ်တယ်။ ကျောင်းရဲ့အပြင်ဘက်မှာကျတော့ ၃ ယောက်ပဲ ပုံမှန်စောင့်တာ၊ အဲဒီ ၃ ယောက်ကိုပဲ အဓိက ပစ်ခတ် ခဲ့တာပါ။ ဘာကြောင့်ဆိုလို့လည်း  အဲဒီသေနတ် ၃ လက်ကို လိုချင်လို့၊ ဒါပေမယ့် သေနတ် ဂျန့်ဖြစ် သွားတဲ့အတွက် လက်နက်မကောက်နိုင်ခဲ့ဘူး။ ၂ ယောက်ကတော့ သေသွားတာပေါ့၊ အတွင်းထဲက စစ်သားတွေ၊ ရဲတွေကိုတော့ မပစ်ခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျောင်းသားတွေလည်းရှိ ရှိတော့ ကျောင်းသားတွေထိမှန်သွားမှာစိုးလို့ပါ”ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးအများအပြား ရောက် ရှိလာကာ အနီးအနားရှိပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့်အတူ YSO TPG မြိုပြပြောက်ကျားတပ် ဖွဲ့၊ ရေစကြိုမြို့နယ် ပလဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *