Pale News

0 0
Read Time:3 Minute, 22 Second

ဗကသဗဟိုကော်မတီဝင် မစောခက်နွယ်နှင့်မြို့နယ်သမဂ္ဂအတွင်းရေးမှူး ကိုတဆစ်တို့ကို ပုလဲမြို့ နယ် ပသုံးလုံး အဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့်တိုက်၊ ထိုးကြိတ်ရိုက်နှက်ခဲ့ဟု ဗကသဗဟိုပြောရေး ဆို ခွင့်ရှိသူ မခင်နီပြောဆို (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၆

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဗကသဗဟိုစည်းရုံးရေးကော်မတီဝင် မစောခက်နွယ်နှင့် မြို့နယ် သမဂ္ဂအတွင်းရေးမှူး ကိုတဆစ်တို့ကို ပသုံးလုံးအဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် တိုက်ကာ၊ ဝိုင်းထိုး ကြိတ်ရိုက်နှက်ခဲ့ကြောင်း ဗကသ ဗဟိုပြောရေးဆိုခွင့်ရှိသူ မခင်နီက ပြောကြားသည်။

 

ဇွန်လ ၂၅ ရက်နေ့က ပုလဲမြို့နယ်၊ လဲပုကန်ကျေးရွာ ပသုံးလုံးအဖွဲ့ဝင်တစ်ဦးက ဗကသဗဟို စည်းရုံးရေးကော်မတီအဖွဲ့ဝင် မစောခက်နွယ်ကို လမ်းပြောင်းပြန်မောင်းလာကာ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ဓာတ်ပုံ ရိုက်နေသည့် ပုလဲမြို့နယ် ဗကသ အတွင်းရေးမှူး ကိုတဆစ်ကို ပလုံးသုံးအဖွဲ့ဝင် လေးငါးဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

“ဒီလိုမျိုး ကျောင်းသားတွေအပေါ်မှာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်ထိ လက် ရောက်ကျူးလွန်တာတွေ၊ နောက်ပြီးတော့ စစ်ကောင်စီလိုမျိုး ဖိနှိပ်ရေးစည်းကမ်းချမှတ်တာ တွေက မဖြစ်သင့်ပါဘူး။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းချက် လိုချင်ပါ တယ်။ လက်ရှိမှာဆိုရင် ကျမတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို အ ကြောင်းကြားတာမျိုးတွေ၊ ချိတ်ဆက်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဘာတွေဆက်လက်လုပ်ဆောင်သွားမလည်း ဆိုတာတော့ ပြောပြလို့မရသေးပါဘူး။” ဟု ဗကသ ဗဟိုပြောရေးဆိုခွင့်ရှိသူ မခင်နီက ပြောကြားသည်။

 

ထို့အပြင် ပုလဲမြို့နယ်အတွင်းရှိ ပသုံးလုံးအဖွဲ့ဝင်များသည် ကျောင်းအာဏာပိုင်များဖြင့် ပူးပေါင်းကာ

NUG အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံကျောင်းများတွင် ဖိနှိပ်ရေးစည်းကမ်းများထုတ်ခြင်း၊ လွတ် လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာသမဂ္ဂဖွဲ့စည်းခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ထား ကြောင်း၊ ထိုသို့ စည်းကမ်းထုတ်ပြန်ချက်မျိုး NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ခြင်းမရှိကြောင်း ဗကသ ဗဟိုထံမှ သိရသည်။

 

“ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်မှုတွေ ဒီအခြေအနေတွေ နဲ့ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ လက်ရှိ မှာ မပြောနိုင်သေးပါဘူး။ သေ ချာတာတစ်ခုက ဗကသများအဖွဲ့ချုပ်က ကျောင်းသားထုနဲ့ အပြတ်အ သတ် ရပ်တည်သွားမှာ ပဲဖြစ်ပါတယ်။” ဟု ဗကသ ဗဟိုက ပြောရေးဆိုခွင့်ရှိသူ မခင်နီက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *