Myaing & Pauk News

0 0
Read Time:5 Minute, 15 Second

မြိုင်နှင့်ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများ၊ စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၃ ဦး သေဆုံး(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီစခန်းများ၊ စစ်ကြောင်းများကို တိုက် ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

ဇွန်လ ၂၅ ရက် နေ့တွင် ပေါက်မြို့နယ်၊  ဇီးပြားပျူရွာမှ ထွက်လာသော ပျူစောထီးများကို အလစ် အငိုက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ထိုပြင် ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပေါက်မြို့နယ်၊ ဇီးပြားပျူရွာအပြင်ဖက်တွင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ကြား အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ပျူစော ထီး အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ၊ အစာရေစာပြတ်လပ်မှု ၊ အထက်အောက်ဖိနှိပ်မှုများ ကြောင့် ဇီးပြားပျူရွာမှ ပျူစောထီးအဖွဲ့ဝင် ၁ ဦး အလင်းဝင်ရောက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း သိရသည်။

 

ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးများကိုလည်း အသင့်ထောင်ထားသော နင်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ ရာ နင်းမိုင်းမိပြီး စစ်သား၊ ပျူစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများကို နွားလှည်းဖြင့် ပြန်လည် သယ်ဆောင်သွားစဉ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂၃ ရက်နေ့မှ ဇွန်လ၂၆ ရက်နေ့ထိ မြိုင်မြို့နယ် ၊ လင်းကတောရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ပေါင်း ၁၀၀၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အထိနာပြီး ရေစကြိုမြို့ နယ်၊ ဖူလုံတပ်စခန်းကို ပစ်ကူတောင်းခြင်း၊ စစ်ကူတောင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဇွန်လ ၂၄ ရက်နေ့တွင် မြိုင်မြို့ပေါ်၌ ကင်းလှည့်နေသော အကြမ်းဖက်စစ်သားများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၄ ဦး အပြင်းအထန်ဒဏ်ရာရှိ ခဲ့ ကြောင်း သိရှိရသည်။

 

မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် ထောက်ပို့ယာဉ် တန်းကိုလည်း ဇွန်လ ၁၇ ရက်နေ့ မှ ဇူလိုင်လ ၄ ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီးအလုံး ၂၀၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ ကား ယာဉ်တန်းများ ပျက်စီးခြင်း ၊ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရှိခြင်း များစွာရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဇူလိုင်လ ၄ ရက် ညပိုင်းက တွင်းမပျူစောထီးကျေးရွာမှ ထွက် လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သား အလောင်းကို တွင်းမပျူစောထီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်းထည့်ကာ မီးရှို့သင်္ဂြိုလ်ခဲ့ရာ နေအိမ် ၅ လုံးခန့်မီးကူးစက် လောင်ကျွမ်းသွားကြောင်း သိရသည်။

 

ဇူလိုင်လ ၅ ရက်နေ့ကလည်း တွင်းမပျူစောထီးကျေးရွာအတွင်းမှ ထပ်မံထွက်ခွာလာစဉ် ဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ပျူစောထီး ကျေးရွာအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

 

အထိနာနေသော အကြမ်းဖက်စစ်သားများသည် ဇူလိုင်လ ၅ ရက် ညပိုင်းက အိုရင်းကျေးရွာအတွင်း သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကြောင်းနှင့် စစ်သား၊ ပျူစောထီးများကို မြိုင်ပကဖနှင့် ဒေသကာကွယ်ရေး အင်အားစုတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ပစ်မှတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများအတွက် ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *