Kyukme News

0 0
Read Time:3 Minute, 18 Second

ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် CDM ပြုလုပ်ထား သည့် လားရှိုးခရိုင်ကျန်းမာရေးမှူးဒေါ်နန်းမွေလင်းစံ နှင့်မိခင်ဖြစ်သူသေဆုံး

 

D Day News

ဇူလိုင်လ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ရာ CDM ပြုလုပ်ထားသည့် လားရှိုးခရိုင် ကျန်းမာရေးမှူး ဒေါ်နန်းမွေလင်းစံနှင့် မိခင်ဖြစ်သူတို့နှစ်ဦးစ လုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ဇွန်လ ၂၉ ရက်နေ့က ကျောက်မဲမြို့တွင်းသို့ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက် သော လက်နက်ကြီး ကျည်တစ်လုံးသည် လားရှိုးမြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြမ်း မဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ထားသော မြို့နယ် သူနာပြုဆရာမကြီး ဒေါ်နန်းမွေလင်းစံ၊ အသက် (၅၁) နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်နန်းခင်ဖုန်း၊ အသက် (၇၃) နှစ်တို့၏ နေအိမ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး သားအမိ (၂) ဦးစလုံး ကွယ်လွန်သွား ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဒေါ်နန်းမွေလင်းစံအား CDM အာဇာ နည် သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ထားသည်။

 

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက် လုပ်ရပ်များကို ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး သေဆုံးထိခိုက်ခဲ့ရသည့် ကျန်း မာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ် ကြောင်း၊ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေ အရ ပြင်း ထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

NUG ၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ဖြုတ်ချ ရေး အတွက် အသက်‌၊ ခန္ဓာနှင့် ဘဝများ ပုံအပ်၍ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသည့်၊ တိုက်ပွဲ ဝင်လျက်ရှိကြသည့် အာဇာနည်သူရဲကောင်းများအား တိုင်တည်၍ ကတိသစ္စာပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Photo – အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်တစ်လုံး

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *