CDM News

0 0
Read Time:2 Minute, 52 Second

လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာသူ စစ်သား ၂ ဦးကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ် ခွင့်ရရှိရေး ကူညီပေးမည်ဟု KNU ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၆

 

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသော မြို့နယ်၊ ဖားဝေါ်လိုးတပ်စခန်းမှ လက်နက်ခဲယမ်းများယူဆောင်ကာ အလင်းဝင်ရောက်ခဲ့သည့် စစ် သား ၂ ဦးကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြေင်း  KNU ဗဟို က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၄ ရက်နေ့က လက်နက်ခဲယမ်းမျာားနှင့်အတူ အလင်းဝင်ရောက်လာသူ တပ်သား စိုးသီဟ နှင့် တပ်သား ညီညီနိုင်တို့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများက ကြိုဆို ဂုဏ်ပြုအခမ်းအနားပြုလုပ်ပေးကာ ငွေကျပ် သိန်း ၂၀ ချီးမြှင့်ပေးခဲ့ကြောင်း၊ အလင်းဝင်ရောက် လာသူတပ်သား ၂ ဦးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၉ တပ်ရင်းမှ တပ်သား ဖြစ်ကြောင်း သိရသည်။

 

၎င်းတို့ ၂ ဦးသည် ဇွန်လ ၂၅ ရက်နေ့က တာဝန်ကျရာစခန်းကနေ စွန့်ခွာပြီး စစ်လက်နက် ပစ္စည်းများ ဖြစ်သော MA-1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည် ၄၆၅ တောင့်၊ MG-5 မိုင်း ၆ လုံး၊ M-14 မိုင်း ၂ လုံး၊ ခွေးဗုံး ၂ လုံး၊ အီကွေးမန့် ၁ စုံ၊ MA-5 သေနတ်တို ၁ လက် နှင့် ကျည် ၁၀ တောင့် ယူဆောင်ကာ KNLA တပ်ဖွဲ့ထံ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မူတြော်ခရိုင် လူသောမြို့နယ် ဖားဝေါ်လိုး တပ်စခန်းတွင် စားနပ်ရိပ်က္ခာမလုံလောက်မှု၊ ရေရှားပါးမှု နှင့် နေရာထိုင်ခင်း အဆင်မပြေမှု၊ အိမ်ရေးမဝ၊ အမြဲတမ်းစခန်းထဲတွင် နေထိုင်နေရပြီး ကြောက် လန့်နေရသည့် အပြင် အထက်အရာရှိများ၏ ဖိနှိပ်မှု နှင့် ရိုင်းပြစွာ ပြောဆိုဆက်ခံခဲ့ရကြောင်း၊ ထို့ ကြောင့် စခန်းမှ စွန့်ခွာ ထွက်ပြေးလာပြီး လက်နက်ချအလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ကေအဲန်ယူ−မူတြော်ခရိုင် တာဝန်ရှိသူများမှ လက်နက်ချ အလင်းဝင်ကာ လာရောက်ပူးပေါင်းသော ၎င်းတို့ နှစ်ဦးအား ကောင်းမွန်စွာ ကြည့်ရှု့စောင့်ရှောက်ထားလျက်ရှိပြီး ၎င်းတို့၏ ဆန္ဒများအတိုင်း ထိုင်းနိုင်ငံတွင် အလုပ် သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက် ပေး လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *