ပေါင်းတည်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
D Day News
ဇူလိုင်လ ၅
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီခန့် သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ရဲမင်းဌေး(ခ) ဂျင်မီ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ထံမှ သိရသည်။
ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းရွာ တွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးယူပေးနေသော သိမ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဂျင်မီ(ခ)ရဲမင်းဌေးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ က ပျဉ်ကြီးရွာနှင့်သိမ်ကုန်းရွာအကြားတွင် သေနတ်ဖြင့်ပစ်ခတ်ရာ ဦးခေါင်းထိမှန်ပြီး နေရာတွင်ပင် ပွဲ ချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ သိမ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဂျင်မီ(ခ)ရဲမင်းဌေးထံမှ ဆေးအိတ် ၁ လုံး၊ မှတ် ပုံတင်ကတ်ပြား ၁ ခုနှင့် စစ်ကောင်စီထံ ဆက်သွယ်ထားသောဖုန်း ၁ လုံးတိုကိုသိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးဂျင်မီ (ခ)ရဲမင်းဌေးကို အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်ပြီး ပြည်သူနှင့် ပူးပေါင်းရန်အကြိမ် ကြိမ် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်းက စစ်ကောင်စီနှင့်ပေါင်းပြီး အုပ်စု အ တွင်းနေ ပြည်သူများအပေါ် အာဏာပြဗိုလ်ကြခြင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကိုသိမ်းယူခြင်း၊ သိမ်ကုန်း တာဝါတိုင်စောင့် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို တစ်လလျှင် ၂ ကြိမ်ထက်မနည်း စားဝိုင်းသောက်ဝိုင်းများပြုလုပ်ပေးခြင်း၊ စစ်ကောင်စီအတွက် လက်နက်၊ခဲ၊ယမ်းနှင့်စားသောက်ကုန်ပစ္စည်းများကို ဝဲကြီးဆည် ရေ လမ်းမှ နေ၍ သယ်ဆောင်ပေးနေခြင်းတို့ကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန် မီ နုတ်ထွက်ပြီး ပြည် သူနှင့် ပူးပေါင်း ကြရန် ပြည်သူနှင့်မပူးပေါင်းပါက ပြတ် ပြတ်သားသားအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းက ထုတ်ပြန်ထားသည်။
D Day News