Mogoke News

0 0
Read Time:2 Minute, 28 Second

မိုးကုတ်မြို့အနောက်ပိုင်းရှိ KBZ ဘဏ်နှင့် CB ဘဏ်တို့ကို ဝင်ရောက်တပ်စွဲသည့် စစ်သားများက ကျေက်မျက်ရတနာနှင့် ငွေသား စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း ၂ သောင်းဝန်းကျင် ဖောက်ထွင်း ခိုးယူ

 

D Day News

ဇူလိုင်လ ၅

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ KBZ ဘဏ်နှင့် CB ဘဏ်တို့ကို ဝင်ရောက်တပ်စွဲ ခိုလှုံ နေရာယူသည့် အကြမ်းဖက်စစ်သားများက ကျေက်မျက်ရတနာနှင့် ငွေသား စုစုပေါင်း တန်ဖိုးကျပ် သိန်းပေါင်း ၂ သောင်းဝန်းကျင် ဖောက်ထွင်း ခိုးယူသွားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ဇွန်လ ၂၇ ရက်နေ့က တအာင်းတပ်မတော် TNLA ၊ မိုးကုတ်ဗျုဟာ၊ PDF တပ်ရင်းအမှတ် ၅၁၃ နှင့် ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ် ပြာ စခန်း၊ ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးကုတ်မြို့အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင် ထွက်ပြေးခိုးအောင်းခဲ့ကြကြောင်း သိရသည်။

တအာင်းတပ်မတော် TNLAနှင့် ပူးပေါင်းတပ်မှ အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်အား လိုက်လံ ရှင်းလင်းရာ KBZ Bank နှင့် CB Bank တို့တွင် ခိုးအောင်းနေသည့် အကြမ်းဖက်စစ်သးများက ဘဏ် များအတွင်းရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက် အထားများ တွေ့ရှိရပြီး သေဆုံးသွားသော စစ်ကောင်စီတပ်သား တစ်ဦးချင်းစီ၏ ကျောပိုးအိတ် တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက်မြတ်ရတနာများ တွေ့ရှိရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ဖြစ်ပြီး KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ် ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင်ကို ဖောက်ထွင်းခိုး ယူ သွားခြင်း ဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *