Chauk News

0 0
Read Time:3 Minute, 14 Second

ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်ငွေ ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇူလိုင်လ ၅

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင် ငွေကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း Chauk Guerilla Force – CGF ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၄ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန် ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးသည် အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ ပျူစောထီးအဖွဲ့ ဖွဲ့ရန် ကြံစည်လုပ် ဆောင်နေခြင်း၊ ကျေးရွာနေပြည်သူများအပေါ် အကြမ်းဖက်စစ်တပ် အားကိုးဖြင့် အနိုင်ကျင့်ဖိနှိပ်နေ ခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“သူက အုပ်ချုပ်ရေးမှူးလည်းဖြစ်တယ်။ ပျူခေါင်းဆောင်လည်းဖြစ်တယ်၊ ဘာကြောင့် ရှင်းလင်းခဲ့ရ တာလည်းဆိုတော့ သူက ပြည်သူတွေကို မတရားဖိနှိပ်မှုတွေလုပ်တယ်။ စစ်ကောင်စီက ၆ မြို့နယ် အတွင်းက ရွာတွေကို တစ်ရွာကို နှစ်ယောက်လူတောင်းတယ်၊ သူက ကျတော့ ၂ ယောက်မဟုတ်ဘူး၊ အယောက် ၅၀ ပေးမယ်ဆိုပြီး အာမခံတယ်။ သူက သူ့ရွာမှာ ပျူထောင်ချင်တဲ့ပုံစံတွေလုပ်တယ်၊ စစ် တပ်နဲ့ တော်တော်ကြီးကို ပါတနာကျတယ်။ စစ်တပ်ကိုထောက်ပံ့ကူညီနေတဲ့သူတစ်ယောက်မို့ ပစ် ခတ်ရှင်းလင်းခဲ့ရတာ။ သူ့ကိုမရှင်းလင်းဘူးဆိုရင် ဒီဩဇာတောရွာက ပျူရွာဖြစ်သွားနိုင်တယ်။ အဲဒါ ကြောင့် ဒေသခံတွေကလည်း ကျနော်တို့ကို ပစ်ခတ်ရှင်းလင်းပေးဖို့ လေးငါးခြောက်ကြိမ်လောက် တိုက်တွန်းတောင်းဆိုလာတာရှိတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတာပါ” ဟု Chauk Guerilla Force – CGF တာဝန်ခံ ကိုဘကွန်းက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerrilla Force – CGF ၊ အာဠာဝက မြို့ပြပြောက်ကျားတပ် ဖွဲ့၊ ကျောက်ပန်းတောင်း ဇီးကွက် အဖွဲ့နှင့် မင်းသားကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

Chauk Guerrilla Force – CGF နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များဖြစ်ကြသော ပျူစောထီးများ ၊ အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်အာဏာရှင် အမြတ်ပြတ် သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *