Budalin News

0 0
Read Time:2 Minute, 12 Second

ဘုတလင်မြို့မရဲစခန်း၊ လမ်းမပေါ်စစ်ဆေးရေးဂိတ်နှင့် ဘောလုံးကွင်းထဲရှိ စစ်သား၊ ရဲများကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်(ရုပ်သံ)

 

D Day News

ဇူလိုင်လ ၅

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ ဘုတလင်မြို့မရဲစခန်း၊ လမ်းမပေါ် စစ်ဆေးရေးဂိတ်နှင့် ဘော လုံးကွင်းထဲရှိ စစ်သား၊ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်က ဘုတလင်မြို့မရဲစခန်း၊ ရဲစခန်းရှေ့ လမ်းမပေါ်ရှိ စစ်ဆေးရေး ဂိတ်နှင့် ဘောလုံးကွင်းထဲ၌ စခန်းချနေထိုင်သော အကြမ်းဖက်စစ်သားများကို Fixed Wings Drone များ ဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“နေရာ ၃ နေရာကို ချခဲ့တာ။ ပစ်မှတ်ထဲကို အကုန်လုံးကျတယ်။ ထိခိုက်သေဆုံးမှုကတော့ သတင်း လိုက်နေတုန်းပဲ။ စခတွေဘက်က လက်နက်ကြီး ၃ လုံးပြန်ပစ်တာရှိတယ်။ ရှမ်း မြောက်တိုက်ပွဲ တွေကို အားရပေမယ့် ကျနော်တို့မှာက ရှိတာလေးနဲ့ ချနေကြရတာ။ မိဘပြည်သူတွေအနေနဲ့ ဝိုင်း ဝန်းကူညီထောက်ပံ့ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ – KLG PDF၊ People Revolution Armed Force၊ ချင်းတွင်းဘရားသား၊ ဗျဝိ ဗျတ္တညီနောင်၊ တပင်ရွှေထီး၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ဗိုလ်နားထိုင်းတပ်ခွဲ၊ ဘုတလင်မြို့နယ်အုပ်ကြီးနှင့်အဖွဲ့တို ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *