Yangon News

0 0
Read Time:2 Minute, 48 Second

မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ထောက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု လုံခြုံရေး စစ်သားဟောင်း တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး စက်ရုံအတွင်း မီးလောင် ကာ သိန်းထောင်ချီဆုံးရှုံးနိုင်

 

D Day News

ဇူလိုင်လ ၄

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးစစ်သားဟောင်းတစ်ဦးအပြင်းအထန်ဒဏ်ရာ ရရှိ ပြီး စက်ရုံအတွင်း မီးလောင်ကာ သိန်းထောင်ချီ ဆုံးရှုံးနိုင်ကြောင်း ရန်ကုန်တိုင်းပြည်သ သူ့တပ်မဟာ ထံမှ သိရသည်။

 

ဇွန်လ ၃၀ ရက် ည ၉ နာရီ ၄၄ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စက်ရုံ လုံခြုံရေး စစ်သား ဟောင်း တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးနှင့်ဆေးရွက် သိုလှောင်ရုံ မီးလောင်ကာ သိန်းထောင်ချီ ဆုံးရှုံးမှုရှိနိုင်ကြောင်း သိရသည်။

“လုံခြုံရေးသမား စခဟောာင်းကတော့ အတော်ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ သေ၊ မသေ တော့ သတင်းမရဘူး။ အထဲမှာ ဆုံးရှုံးမှုကတော့ များလိမ့်မယ်၊ ဆေးနဲ့ ဆေးရွက်တွေ သိုလှောင်တဲ့ အထဲမှာ သေသေချာချာ ထားပြီးလုပ်ခဲ့တာ။ မီးလောင်ပျက်စီးအောင်လည်း လုပ်ခဲ့တဲ့အတွက် သိန်း ထောင်ချီဆုံးရှုံးမှုရှိလိမ့်မယ်လို့ တွက်ဆရတယ်။ အချိန်ယူပြီးသေသေချာချာ ဆောင်ရွက်ခဲ့တာမို့ အားလုံးဘေးကင်းလုံခြုံပါတယ်” ဟု ရန်ကုန်တိုင်းပြည်သ သူ့တပ်မဟာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ ၏ တပ်ခွဲတစ်ခုဖြစ်သော Slayers of Tyrants (SOT) တပ်ခွဲမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ပြတ် ခြေမှုန်းရန်အလို့ငှာ ၎င်း၏ စီးပွားရေးထောက်တိုင်များကို တိုက်ခိုက်ခြင်းသည် အဓိကျသောကြောင့် ပြည်သူများအနေဖြင့် ပစ် မှတ်များနှင့် ဝေးဝေးနေပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *