TNLA News

0 0
Read Time:2 Minute, 45 Second

မိုးမိတ်မြို့၊ ရွှေအောင်သာတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး  အခြားမြို့နယ်တို့တွင်လည်း တိုက်ပွဲပြင်း ထန်နေ

 

D Day News

ဇူလိုင်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ရွှေအောင်သာ စစ်ကောင်စီတပ်စခန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး အခြားမြို့နယ်တို့တွင်လည်း တိုက်ပွဲပြင်းနေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ၁၀ ရက်မြောက်နေ့တွင် မိုးမိတ်မြို့၊ ရွှေ အောင်သာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA၊ PLA နှင့် PDF တပ်ရင်း ၅၁၃ တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က အကြမ်းဖက်စစ်ကောင်စီ၏ ဒုံးတပ် အမှတ် ၆၀၆ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်စွာဖြစ်နေကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်နေသည့် အမှတ် ၆၀၆ ဒုံးတပ်စခန်းကို နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာရှိ အကြမ်းဖက်စစ် စခန်းမှ နံနက် ၉ နာရီ ၄၇ မှ နေ့လည် ၁၂ နာရီ ၃၆ မိနစ်အချိန်ထိ ဟောင်ဝိဇာ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ပြီး တအာင်းပြည်အတွင်း စစ်ဖြစ်ပွားရာဒေသများအား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက် မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ ရှမ်းကျောင်းဒေသ၌လည်း ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုအပြင် တပ်မဟာ(၂) စစ်ဒေသ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် TNLA မှ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တပ်မဟာ (၆) စစ်ဒေသ မိုင်းရယ်မြို့နယ် နမ့်တုံနှင့် ကုံးမုံရွာဒေသဘက်သို့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ တပ်မဟာ ၆ စစ်ဒေသ တန့်ယန်းမြို့နယ် လွယ်လိန်းတောင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *