Singu News

0 0
Read Time:2 Minute, 2 Second

စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်သား ၃၀ ကျော်သေဆုံးပြီး တပ်ပျက်ကာ ထွက်ပြေး

 

D Day News

ဇူလိုင်လ ၄

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး တပ်ပျက်ကာ စစ်သားအချို့ ထွက်ပြေးသွားကြောင်း စဉ့်ကူးမြို့နယ် မြေပြင် သတင်းမှန်ပြန်ကြား​ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက် အစောပိုင်းက စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီး တပ်စခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၃၀ ကျော်သေဆုံးပြီး ကျန်စစ်သားအချို့မှာ တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

Photo – ပုံဟောင်း

 

သိမ်းပိုက်ရရှိခဲ့သည့် ပင်လယ်ကြီး တပ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ပြီး နယ်မြေရှင်းလင်းရေးများလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

 

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စဉ့်ကူးမြို့ပေါ်တွင် ခံစစ်ပြင်နေပြီး လက်နက်ကြီးများပါ အင်အား ဖြည့် တင်းထားပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေ ကြောင်း သိရသည်။

 

“ပင်လယ်ကြီးရွာ စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဒိုးပင်ကုန်း၊ ရေတော် ၊ ထုံးကြီးကျေးရွာတွေ က ပျူတွေ အပါအဝင် စခ ၃ဝကျော်သေဆုံးတယ်။ ကျန်နေတဲ့ စခတွေ တချို့ ထွက် ပြေးနေတယ်။ စဉ့်ကူးမှာလည်း အခု ခံစစ်ပြင်နေပြီ လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်။ စဉ့်ကူးမြို့နယ်​တောင် ပိုင်း စခအုပ်စုက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်တာတွေလည်း လုပ်ဆောင်နေတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *