ကဗျာ ကဏ္ဍ “တာဝန်မဲ့ဆဲ ဂုဏ်ဝါမွဲ”
ပျိုးကြဲလက်
ငါက စစ်သား ၊ သိရဲ့လားကွ
လာထားကောင်းပေ့ ၊ ညွန့်ပါပေ့ဆို
ငါ့ရှေ့ပို့ထား ၊ တို့စစ်သားက
စွန့်ထားရတာ ၊ အသက်ပါကွ ။
တိုင်းပြည်ရန်ဘေး ၊ ခပြန်သေးက
ဖေးမပြည်သူ ၊ လုံ့လထူလျက်
တူညီစွန့်ပါ့ ၊ တိုက်ထုတ်ရသည်
မိုးကျရွှေကိုယ် ၊ တို့မလိုဘူး ။
ပြည့်ရန်စွယ်ပေါ ၊ စစ်မြေတောမှာ
ငှက်ပျောအူပုပ် ၊ ဝမ်းစာလုပ်၍
တဆုပ်လောက်များ ၊ စားနိုင်လားကွ ။
တို့ခွန်တို့အား ၊ လုပ်ကိုင်စားက
တပါးပေးစာ ၊ မကပါဘူး
သိက္ခာလည်းဆုတ် ၊ သရေစုတ်သည့်
လူယုတ်ဝန်းရံ ၊ ကျွန်မခံဘူး ။
ပစ္စည်းမဲ့တို့ ၊ လောဘဆို့ပြီ
မင်းတို့တွေလဲ ၊ စစ်တပ်ထဲကို
ဝင်ရဲလားကွ ၊ စမ်းကြည့်ကြဦး ။
စိန်မခေါ်နဲ့ ၊ တရားမဲ့က
ဟဲ့ဟဲ့စစ်ခွေး ၊ ဗမာ့သွေးက
နီစွေးပါပေ့ ၊ ရဲပါပေ့ကွယ် ။
အာခံလိုက်သေး ၊ ငါ့စစ်ခွးတဲ့
မလေးမစား ၊ ငါစစ်သားကွ
ကြားရဲ့လားဟေ့ ၊ တကွေ့တွေ့မယ် ။
ပြည်သူ့ရင်ခွင် ၊ ခိုလှုံဝင်နှင့်
ထို့ပြင်တသီး ၊ ဖရဲသီးသာ
ခရီးတူသွား ၊ ပြည့်စစ်သားကွ ။
သေရဲတဲ့ကောင် ၊ ဂျိုမထောင်နဲ့
ဟေ့ကောင်ထွက်ကြည့်၊ ခေါင်းတည့်တည့်ကို
လက်တည့်စမ်းမယ်၊ ပစ်ပြမယ်ဟေ့ ။
ပြည်သူအတွက် ၊ ပီဒီအက်ဖ်ကွ
ထွက်လို့လာပြီ ၊ အောင်တေးသီ၍
စစ်ချီရာလမ်း ၊ သပြေပန်းနှင့်
ဆန်းပြားစုံလင် ၊ ပြည်တော်ဝင်က
ထင်ရာစိုင်းတပ် ၊ တခန်းရပ်ဟေ့ ။
အုန်း အုန်း အုန်း ဝုန်း ။
အဘအဘ ၊ တကယ်ချပြီ
ပြေးဟပြေးဟ ၊ ပြေးထားကြဟေ့
သနားပါဗျ ၊ သနားကြပါ
တော်ကြပါတော့ ၊ တော်ပါတော့ကွာ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၁၄ မိနစ်
D Day News