Mandalay News

0 0
Read Time:3 Minute, 11 Second

အကြမ်းဖက်စစ်ကောင်စီတပ်သားများက Myingyan Black Tiger နာမည်ကို အလွဲသုံးစားလုပ်ပြီး ယမကာစတိုးဆိုင်နှင့် ရွှေဆိုင်တစ်ဆိုင်ကို ခြိမ်းခြောက် ဆက်ကြေးကောက်

 

D Day News

ဇူလိုင်လ ၄

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများက Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် ဗိုလ်မိုက်ခဲ နာမည်ကို အလွှဲသုံးစားလုပ်ပြီး ယမကာ စတိုင်းဆိုင်နှင့် ရွှေဆိုင်တစ်ဆိုင်ကို ခြိမ်းခြောက် ဆက် ကြေးကောက်ခံကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

မန္တလေးတိုင်း၊ ပုဂံညောင်ဦးဘက်ရှိ “ရာပြည့်မိုး ယမကာစတိုး” တို့ကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်သားများက Myingyan Black Tiger – MBT နာမည် နှင့် ဗိုလ်မိုက်ခဲနာမည်ကို အလွဲသုံးစားပြုလုပ်၍ ငွေကျပ် သိန်း ၅၀ ၊ ငွေကျပ် ၂၅ သိန်းစသည်ဖြင့် စာပေးပို့ခြိမ်းခြောက်ကာ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိအနေအထားမှာတော့ ကျနော်တို့ မဟုတ်ဘူးဆိုတာကို လိုက်ပြီးပြောပြနေပါတယ်။ ဆိုင်ရှင် တွေကတော့ ကျနော်တို့ကို တိုက်ရိုက်မဆက်သွယ်ရဲပါဘူး။ ဆိုင်ရှင်နဲ့ ပတ်သက်တဲ့သူတွေက ကျ နော်တို့နဲ့ သိတဲ့သူတွေလည်းရှိတယ်။ မသိတဲ့သူကလည်း ကျနော်တို့ Page ကို လာပြောကြတယ်။ ကျနော်တို့ ဟုတ်သလားပေါ့၊ ကျနော်တို့မဟုတ်ဘူး၊ ကျနော်တို့ ပိုက်ဆံလိုအပ်နေတာတော့ဟုတ် တယ်၊ ကျနော်တို့က ပြည်သူကို ခြိမ်းခြောက်တာတွေလုပ်မှာလည်းမဟုတ်ဘူး။ ဒီကောင်ညာနေတာ တွေက ကျနော်တို့တပ်ဖွဲ့ဟာ ပကဖ လက်အောက်ခံလည်းမဟုတ်သလို တပ်ရင်းကုဒ်တွေလည်း မှားနေတယ်။ ဒါက စခတွေဘက်က လုပ်နေတာပဲ။ စခတွေလုပ်နေတာသေချာတယ်၊ ခြိမ်းခြောက် ခံရတဲ့သူတွေနဲ့ နီးစပ်သူတွေကို ကျနော်တို့ လိုက်လံရှင်းပြနေတယ်။ ဒါပေမယ့် ကျနော်တို့ မသိတာ တွေ၊ ကျနော်တို့နာမည်ကို အလွဲသုံးစားလုပ်ပြီးတော့ ခြိမ်းခြောက်တာတွေ အများကြီးရှိနိုင်သေး တယ်၊ ဒါကြောင့်မို့ စာထုတ်ပြီး ရှင်းလင်းလိုက်ရတာပါ” ဟု Myingyan Blcak Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ခြိမ်းခြောက်ဆက်တောင်းခံရသည့် ပုဂံညောင်ဦးလက်တွင်လည်း မြင်းခြံခရိုင် အမှတ်- ၉ တပ်ရင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ အနေဖြင့် အခြေချ နေထိုင်ခြင်းမရှိသလို စစ်ရေးလှုပ်ရှား ဆောင်ရွက်မှုမရှိကြောင်း၊ MBT တပ်ဖွဲ့ ဌာနချုပ်အပါအဝင် စစ်ကြောင်းခွဲများတွင်လည်း ယခုကဲ့သို ခြိမ်းခြောက်မှုအား ခွင့်ပြုထားခြင်းမရှိကြောင်း မိဘပြည်သူများအနေဖြင့် ထပ်မံ၍ ၎င်းနည်းတူ ခြိမ်း ခြောက်ခံရပါက MBT တပ်ဖွဲ့က မဟုတ်သည်ကို သိရှိစေလိုကြောင်း ထုတ်ပြန် အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *