Loikaw News

0 0
Read Time:4 Minute, 38 Second

လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိကာလက် နက်များလည်း သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၄

 

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ၃ နေရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၅ နာရီခန့်ကစ၍ လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်၊ မြကလပ်တောင်တို့ တွင်တိုက်ပွဲဖြစ်ခဲ့ပြီး မိုင်းလုံရပ်ကွက်နှင့်မြကလပ်တောင်တိုက်ပွဲသည် နံနက် ၉ နာရီအချိန်အဖြစ်ခဲ့ ကာ နမ့်ဘော်ဝမ်ရပ်ကွက်တိုက်ပွဲသည် ကြာမြင့်ခဲ့ပြီး ယခုညနေပိုင်းအချိန်အထိ ဆက်လက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ လက်နက်များ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာဟုတ်ပါတယ်၊ မိုင်းလုံရပ်ကွက်၊ နောက်ပြီးတော့ မြကလပ်တောင်၊ နန့်ဘော်ဝမ်၊ နမ့်ဘော် ဝမ်က ၅၄ နဲ့ မြကလပ်တောင်ကြားမှာ အဲဒီ ၃ နေရာမှာ ဖြစ်ပါတယ်။ မြကလပ်တောင်နဲ့ မိုင်လုံ ဘက်ကတော့မဖြစ်တော့ဘူး၊ မနက် ၈ နာရီ ၉ နာရီအထိတော့ဖြစ်တယ်။ ကြတာက နမ့်ဘော်ဝမ်မှာ ကြာတယ်လို့ပြောတယ်။ တိုက်ပွဲတွေဖြစ်သေးတယ်ပေါ့၊ ဒါပေမယ့်အခုတော့ဘယ်လိုနေလဲ မသိဘူး။ အဆက်အသွယ်မရသေးဘူး။ စကစကထွက်လာလို့ဖြစ်တာမဟုတ်ဘူး။ နည်းနည်းနေရာတိုးချဲ့တော့ ဝင်တိုက်တာ။ ရန်သူတော့ တစ်ချို့သေတယ်လို့ ပြောတယ်။ လက်နက်တွေရတယ်လို့ ကြားတယ်” ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့ တပ်စခန်းများအနီးပတ်ဝန်းကျင်၌ မိုင်းအများ အပြားထောင်ထားရာ စစ်ကောင်စီတပ်သာများကို ဝင်ရောက်တိုက်ခိုက်ချိန်တွင် အရင်ဆုံးမိုင်းရှင်း လင်းမှုလုပ်ဆောင်ခဲ့ရကြောင်း၊ သွားရောက်တိုက်ခိုက်မည့်လမ်းကြောင်း တစ်ကြာင်းရှင်းလင်းမှုပင် အလုံး ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ဒါကသွားတဲ့လမ်းကြောင်းလောက်ပဲ ရှင်းသေးတာ၊ ရှင်းရမယ့်နေရာတွေအများကြီး ကျန်သေး တယ်။ မိုင်းတွေထောင်ထားတာ ထောင်ချီမကလောက်ဘူး။ သိန်းချီရှိနိုင်တယ်။ အခုသိမ်းဆည်းခဲ့တာ တောင် ကျနော်တို့သွားမယ့် ရှေ့တကြောင်းပဲ ရှင်းခဲ့တာတောင် အလုံး ၁၀၀ ကျော်ရခဲ့တယ်၊” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ၁၁၁၁ စစ်ဆင်ရေးအဖြစ် KA ၊ KNDF ပူးပေါင်း တပ်ဖွဲ့များက လွိုင်ကော်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၇ လကျော်ကြာမြင့်သည်အထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ထွက်ပြေးနေရသော လွိုင်ကော်မြို့နေ ပြည်သူများမှာ ပြန်လည် ဝင် ရောက် နေထိုင်မှုရှိသဖြင့် အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် ပြန် လည်ကြိုးစားလာမှုရှိကြောင်း သိရသည်။

 

“ပြည်သူတွေပြန်ဝင်နေတာကတော့ နမ့်ဘော်ဝမ်ရပ်ကွက်မှာများမယ်။ မြကလပ်တောင်တို့ မိုင်းလုံ ဘက်တို့တို့ မရှိဘူးလို့ ထင်တယ်လေ။ ဒီမှာက အခြေအနေက မအေးသေးတော့ သူတို့အနေနဲ့ မပြန်သေးရင်ကောင်းတာပေါ့။ စစ်ပြီးမှပဲ ပြန်လာနေရင်ကောင်းတာပေါ့၊ အဲဒီနမ့်ဘော်ဝမ်ဘက်မှာ ပြန်နေတဲ့ပြည်သူတွေကို အဲလိုပဲမှာချင်တယ်” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြော ဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘက်မှ ဆီဆိုင်မြို့ဘက် ကိုဖြတ်ကာ မိုးဗြဲ -လွိုင်ကော်လမ်းမကြီးအတိုင်း လွိုင်ကော်မြို့ကို စစ်အင်အားဖြည့်တင်းရန် ကြိုးစား မှုရှိနေပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မိုးဗြဲ -လွိုင်ကော်လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွား မှုရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *