Karen State News

0 0
Read Time:1 Minute, 54 Second

မူတြော်ခရိုင်တွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၂၂ ကြိမ်ဖြစ်ပြီး စစ်သား ၆၀ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၄

 

ကရင်ပြည်နယ်၊ မူတြော်ခရိုင် ၊ KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၂၂ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

ဇွန်လ ၁ ရက် နေ့မှ ၃၀ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များ၊ ပူးပေါင်းတပ်ဖွဲ့ ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီ (စကစ) တပ်တို့ကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အ ကြမ်း ဖက်စစ်သား ၆၀ ဦးသေဆုံး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း KNLA အမှတ် ၅ စစ်သည်တော်များနှင့် ပူပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အ မှတ် ၂ တပ်မဟာစစ်သည်တော် ၂ ဦး တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုက‌ရေစီအတွက် အသက်ပေးလှူ လိုက်ရပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ  အပြစ်မဲ့ပြည်သူများအေးချမ်းစွာ အသက် မွေးဝမ်း ကြောင်းပြုရာ လယ်ယာ၊ တောင်ယာ၊ ဥယဥ်ခြံမြေများအတွင်းသို့ ဂျက်လေယာဥ် ဖြင့် ဗုံး သီး ၅၈၈ လုံးကြဲချကာ ဒရုန်းလေယာဥ်ဖြင့်ဗုံးသီး ၇၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောာင်းနှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *