International News

0 0
Read Time:4 Minute, 27 Second

လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရမှု ဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်းဆိုင်ရာလိုအပ်ချက်များ ပိုမိုဆိုးရွားလာဟု UN OCHA ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၄

 

မြန်မာနိုင်ငံတဝန်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဆက်လက်မြင့်တက်ကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်ချက် ပိုမိုဆိုးရွာလာနေကြောင်း UN OCHA က ထုတ်ပြန်သည်။

 

“နိုင်ငံတစ်ဝန်း ပဋိပက္ခတွေဆက်လက် ဖြစ်ပွားနေတာကြောင့် အရပ်သားကာကွယ်စောင့်ရှောက် မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေလည်း တိုးမြင့်လာပါတယ်။ မြေမြှုပ်မိုင်းများ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ် တဲ့ စစ်လက်နက် အကြွင်းအကျန်တွေ အပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ရှိရင်းစွဲ အခြေအနေကပင် ဆိုးရွားပြီး ဖြစ် တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဆိုးရွားလာစေပါတယ်။” UN OCHA က ပြော ဆိုသည်။

 

မြန်မာတစ်နိုင်ငံတွင် လူဦးရေ ၃ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရနိုင်သည်ဟု UN OCHA က ခန့်မှန်း ထားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူများသည် မုတ်သုံရာသီ၏ ပြင်းထန်သော ရာသီဥတုကြောင့် သင့်လျောသည့် မှီခိုရာ နေရာမရှိပဲ နေထိုင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် WFP ၏ လူသားချင်း စာနာမှု ဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်မှုနှင့် သိမ်းပိုက်မှုများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် လူထုအပေါ် အန္တရာယ်ကျ ရောက်နိုင်မှုများ ပိုမိုမြင့်တက်လာကြောင်း သတိပေးထားသည်။

 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်နှင့် အမျှ လူထောင်ပေါင်းများစွာသည် အိုးအိမ်စွန့် ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့၊ မြို့အနီးအနား နေရာများတွင် အသစ်စိုက်မိုင်း၊ အဓမ္မ နှင်ထုတ်မှုနှင့် အစုလိုက်ဖမ်းဆီးမှု အစရှိသည့် သတင်းများနှင့်အတူ အရပ် သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာများ တိုးမြင့်လာနေကြောင်း UN OCHA က ထုတ် ပြန်ထားသည်။

 

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် အများအပြားတွင်လည်း တိုက်ပွဲများ ပြင်းထန်လာပြီး ကချင်ပြည် နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့အနား ၆ မိုင်အကွာခန့် အထိ နီးကပ်လာနေသဖြင့် လူအ များ အပြား နေရပ်စွန့်ခွာမှုရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မဟာမိတ်ညီနောင်တို့အကြား ယာယီအပစ် အခတ် ရပ်စဲရေး သဘောတူညီမှုမှာ ပျက်ပြယ်သွားခဲ့ပြီး ဇွန်လ နောက်ဆုံးပတ်အတွင်း မြို့နယ် အများအပြား တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်ဟုဆို သည်။

 

၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် ခြောက်လ တိုင်ခဲ့သည့်တိုင် ရန်ပုံငွေရရှိမှု အလွန်နည်းပါးနေပြီး ရန်ပုံငွေရရှိမှု အခြေအနေပြ မှတ်တမ်းအရ လိုအပ်ချက်၏ ၁၂ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိသေးကြောင်း၊ မြန်မာနိုင်ငံမှာရှိသည့် ထိခိုက်ခံစား ခဲ့ရသူများ၏ ဒုက္ခများကို သက်သာလျှော့ချပေးနိုင်မည့် တုံ့ပြန်ရေး ဆောင်ရွက်မှုများကို ပံ့ပိုးကူညီ ရန်အတွက် ရန်ပုံငွေများထပ်မံလိုအပ်လျက်ရှိကြောင်း UN OCHA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *